စံခလဘူရီ၌ တရားမဝင် မြန်မာနိုင်ငံသား ၁၁ ဦးအား သယ်ဆောင်လာသည့် ပစ်ကပ်ကားကို ထိုင်းအာဏာပိုင်များ ဖမ်းဆီး

ထိုင်း-မြန်မာနယ်စပ်၊ ကန်ချနဘူရီ (Kanchanaburi) ခရိုင်၊ စံခလဘူရီ (Sangkhlaburi) မြို့နယ်၌ နိုဝင်ဘာ ၉ ရက် ည ၉:၀၀ နာရီခန့်တွင် တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၇ ဦးနှင့် ကလေး ၃ ဦးအား မော်တော်ယာဉ်ဖြင့် သယ်ဆောင်လာသည့် မြန်မာအမျိုးသားတစ်ဦးကို ထိုင်းလုံခြုံရေး ပူးပေါင်းအဖွဲ့က ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း သတင်းရရှိပါတယ်။

စံခလဘူရီ ရဲစခန်း၊ အမှတ် (၁၃၄) နယ်ခြားစောင့်ရဲ ၊ လာဒ်ယား (Lat Ya) စစ်ကြောင်းနှင့် နယ်မြေအုပ်ချုပ်ရေးအဖွဲ့များ ပါဝင်သော ပူးပေါင်းတပ်ဖွဲ့သည် နောင်လူ (Nong Lu) ရပ်ကွက်ရှိ လမ်းမကြီးအမှတ် ၃၂၃ ဘေး၌ စံခလဘူရီနယ်မြေအတွင်း ကင်းလှည့်စစ်ဆေးစဉ် သံသယဖြစ်ဖွယ် ရပ်တန့်ထားသော အနက်ရောင် Isuzu D-Max ပစ်ကပ်ကားတစ်စီးကို စိစစ်ခဲ့ခြင်းဖြစ်သည်။

မော်တော်ယာဉ်မောင်းသူ မြန်မာနိုင်ငံသား စိစစ်ရေးကတ်မရှိသူ “နိုင်ဝီရဖုန်း” ဆိုသူနှင့်အတူ ယာဉ်ပေါ်တွင် လိုက်ပါလာသည့် တရားမဝင် မြန်မာနိုင်ငံသား ၇ ဦးနှင့် ကလေး (မှီခိုသူ) ၃ ဦး၊ စုစုပေါင်း ၁၁ ဦးကို တွေ့ရှိခဲ့ရသည်။ ၎င်းတို့အားလုံးထံတွင် ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့် အထောက်အထား စာရွက်စာတမ်း တစ်စုံတစ်ရာ မရှိသည်ကို စိစစ်တွေ့ရှိခဲ့သည်။အနက်ရောင် Isuzu D-Max မော်တော်ယာဉ် ၁ စီးနှင့် လက်ကိုင်ဖုန်း ၁ လုံးတို့ကို သက်သေခံအဖြစ် သိမ်းဆည်းခဲ့သည်။

ယာဉ်မောင်းသူ (ပထမတရားခံ) အား တရားမဝင် ဝင်ရောက်လာသူများအား ဖုံးကွယ်ကူညီမှု၊ အကာအကွယ်ပေးမှုနှင့် တရားမဝင် နေထိုင်မှုတို့ဖြင့် စွဲချက်တင်ထားပြီး၊ ကျန်လိုက်ပါလာသူ (ဒုတိယမှ သတ္တမတရားခံများ) အား တရားမဝင် ဝင်ရောက်နေထိုင်မှုဖြင့် စံခလဘူရီ ရဲစခန်း တာဝန်ရှိသူများထံ ပို့ဆောင်ကာ ဥပဒေအတိုင်း အရေးယူ ဆောင်ရွက်လျက် ရှိပါတယ်။

Source;ข่าวเด่นภูมิภาคทั่วไทย กาญจนบุรี