မြန်မာအလုပ်သမားရေး ဆောင်ရွက်သူ Bright Future ခေါင်းဆောင်အား ထိုင်းတရားရုံး ဖမ်းဝရမ်းထုတ်

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး လှုပ်ရှားသူ Bright Future အဖွဲ့ခေါင်းဆောင် Weera Saengthong ၏ မွေးစာရင်းအား ပယ်ဖျက်လိုက်ပြီးနောက် ကန်ချနပူရီ ခရိုင်တရားရုံးက နိုဝင်ဘာ ၉ ရက်တွင် ဖမ်းဝရမ်း ထုတ်ပြန်လိုက်ကြောင်း သတင်းရရှိပါတယ်။

စိုင်ယို့ (Sai Yok) မြို့နယ် မှတ်ပုံတင်ရုံးကWeera Saengthong၏ မွေးစာရင်းကို ပယ်ဖျက်ခဲ့ပြီးနောက် အစိုးရအရာရှိများထံ မမှန်မကန် သတင်းအချက်အလက် ပေးပို့မှု၊ မြို့နယ်မှတ်ပုံတင် စာရွက်စာတမ်းများတွင် မမှန်မကန် သက်သေခံချက် ရယူမှုတို့ဖြင့် ရဲတပ်ဖွဲ့ထံ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ထောင်ဒဏ် ၃ နှစ်ထက် ပိုမိုကျခံရနိုင်သည့် ပြစ်ဒဏ်ဖြစ်ပြီး၊ ဝရမ်းသက်တမ်းမှာ ၁၀ နှစ် ဖြစ်သည်။ကန်ချနပူရီ မြို့နယ်ရဲစခန်းမှ ရဲအရာရှိများအား ဖမ်းဆီးရန် တရားရုံးက လုပ်ပိုင်ခွင့် ပေးထားသည်။

Weera Saengthong သည် မြန်မာလုပ်သားများ၏ အခွင့်အရေး၊ CI စခန်းများ ပိတ်သိမ်းရေးနှင့် မှတ်ပုံတင်စနစ် ပြုပြင်ပြောင်းလဲရေးအတွက် ရှေ့တန်းမှ ကာကွယ်ပြောဆိုပေးနေသူ ဖြစ်ပြီး၊ မကြာသေးမီက ဘန်ကောက် UN ရုံးရှေ့ ဆန္ဒပြပွဲ၌ ထိုင်းအမျိုးသားတစ်စု၏ ကိုယ်ထိလက်ရောက် တိုက်ခိုက်ခြင်းကိုလည်း ခဲ့ရဖူးပါတယ်။

Source;Khaosod