ထိုင်းနိုင်ငံ၊ ကန်ချနပူရီရိုင်ရှိ Khao San Nok Wua တောတောင်ခရီးစဉ်အတွင်း တောထဲကနေ ကျောင်းဝင်ခွင့် အင်တာဗျူးကို ဗီဒီယိုကောလ်ဖြင့် ဖြေဆိုခဲ့ပြီး ဆိုရှယ်မီဒီယာပေါ်တွင် ရေပန်းစား လူပြောများခဲ့သည့် အသက် ၁၇ နှစ်အရွယ်Thanaporn Riengthong သည် Mahidol University ၏ ပတ်ဝန်းကျင်နှင့် သယံဇာတ သိပ္ပံဌာနသို့ အောင်မြင်စွာ ဝင်ခွင့်ရရှိသွားပြီဖြစ်ကြောင်း သတင်းရရှိပါတယ်။
ကျောင်းသူလေး သည် ခရီးသွားအစီအစဉ်နှင့် တက္ကသိုလ်ဝင်ခွင့် အင်တာဗျူးအချိန် တိုက်ဆိုင်နေသဖြင့် ကျောင်းဝတ်စုံကို အသင့်ဆောင်သွားခဲ့ကာ ကန်ချနပူရီရှိ တောလမ်းခရီး ၉ ကီလိုမီတာခန့် ဖြတ်သန်းလာပြီးနောက် တောထဲတွင်ပင် ကင်မရာဖွင့်၍ အင်တာဗျူးကို အောင်မြင်စွာ ဖြေဆိုခဲ့ခြင်း ဖြစ်သည်။
သူမက “Mahidol University က ပတ်ဝန်းကျင်နှင့် သယံဇာတ သိပ္ပံဌာနရဲ့ ကျောင်းဝင်းကို သွားရောက်လေ့လာဖူးပြီး အဲဒီမှာ ဘာတွေသင်ကြားတယ်ဆိုတာကို သဘောကျလို့ ဒီကေသာကို ရွေးချယ်ခဲ့တာပါ” ဟု ပြောကြားခဲ့သည်။
အင်တာဗျူးဖြေဆိုပြီးနောက် လိုအပ်သည့် စစ်ဆေးမှုများကို ဖြတ်သန်းကာ နောက်ဆုံးတွင် သူမသည် ရည်မှန်းထားသည့်အတိုင်း Mahidol University ပတ်ဝန်းကျင်နှင့် သယံဇာတ သိပ္ပံဌာနသို့ တက်ခွင့်ရရှိကြောင်း အတည်ပြု သတင်းထုတ်ပြန်ခဲ့ရာ ဆိုရှယ်မီဒီယာပေါ်တွင် လူအများက ချီးကျူးဂုဏ်ပြုစကားများ ပြောကြားလျက် ရှိပါတယ်။
Source;The Nation
