ကနဦးသတင်းများတွင် ငွေလွှဲကန့်သတ်ချက်များသည် လူတိုင်းနှင့် သက်ဆိုင်သည်ဟုဆိုသောကြောင့် ပြည်သူများအကြား စိုးရိမ်မှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် ထိုင်းဗဟိုဘဏ် (BOT) က ဘတ် ၅၀,၀၀၀ ကန့်သတ်ချက်သည် လူတိုင်းနှင့်မသက်ဆိုင်ဘဲ တစ်ချို့ငွေလွှဲလုပ်ငန်းများသာ ဖြစ်သည်ဟု အရေးပေါ် ရှင်းလင်းချက် ထုတ်ပြန်လိုက်သည်။
ဗဟိုဘဏ်သည် ၂၀၂၅ ခုနှစ်တွင် လိမ်လည်မှုအန္တရာယ်များကို လျှော့ချရန်နှင့် စားသုံးသူများကို လိမ်လည်မှုများမှ ကာကွယ်ရန်အတွက် နေ့စဉ် ဘတ် (၅၀,၀၀၀) ကန့်သတ်ချက်ကို အားလုံးအတွက် ပြဋ္ဌာန်းသွားမည်ဟု သတင်းများထွက်ပေါ်လာပြီးနောက် ဗုဒ္ဓဟူးနေ့တွင် ၎င်း၏ Facebook စာမျက်နှာမှတစ်ဆင့် ထုတ်ပြန်ချက်တစ်ခုကို ထုတ်ပြန်ခဲ့ပါတယ်။
အဆိုပါ ကြေညာချက်ကြောင့် ပြည်သူများအကြား မမျှော်လင့်ဘဲ ထိတ်လန့်မှုများ ဖြစ်ပေါ်လာခဲ့ပြီး ဗဟိုဘဏ်အနေဖြင့် ၎င်း၏ တရားဝင်လူမှုကွန်ရက်စာမျက်နှာများမှတစ်ဆင့် ချက်ချင်းရှင်းလင်းချက် ထုတ်ပြန်လည်ထုတ်ပြန်ခဲ့ပါတယ်။
ဗဟိုဘဏ်၏ ထုတ်ပြန်ချက်တွင် “စိတ်ပူစရာမလိုပါဘူး။ လူတိုင်းက ဘတ် (၅၀,၀၀၀) ငွေလွှဲကန့်သတ်ချက်အောက်မှာ ရှိမှာ မဟုတ်ပါဘူး” ဟု အလေးထား ဖော်ပြထားပါသည်။
အများစုသော သုံးစွဲသူများသည် ၎င်းတို့၏ ပုံမှန်ငွေပေးငွေယူပုံစံများနှင့်အညီ သင့်လျော်သော ငွေလွှဲကန့်သတ်ချက်များ ရရှိမည်ဖြစ်ကြောင်း ဗဟိုဘဏ်က အတည်ပြုခဲ့သည်။ ဥပမာအားဖြင့် ဘတ် (၅၀,၀၀၀) ထက် ပိုမိုသောပမာဏများကို ပုံမှန်ငွေလွှဲလေ့ရှိသည့် သုံးစွဲသူများသည် ၎င်းတို့နှင့် သင့်လျော်သော ပိုမိုမြင့်မားသည့် ကန့်သတ်ချက်များကို ရရှိမည်ဖြစ်သည်။
သို့သော် လိမ်လည်မှုတိုက်ဖျက်ရေး အစီအမံများ ထိရောက်စေရန်အတွက် အချို့သုံးစွဲသူအဖွဲ့များကို နေ့စဉ် ဘတ် (၅၀,၀၀၀) ကန့်သတ်ချက်အောက်တွင် ထားရှိမည်ဖြစ်သည်။

အန္တရာယ်များသည့် အမျိုးအစားများတွင် အောက်ပါတို့ ပါဝင်သည်။
- လိမ်လည်မှုအန္တရာယ်ရှိနိုင်သည်ဟု သတ်မှတ်ခံရသော သုံးစွဲသူများ
- အဖွဲ့အစည်းနှင့် ဘဏ်ဆိုင်ရာ အတွေ့အကြုံ သို့မဟုတ် ငွေကြေးမှတ်တမ်း အနည်းငယ်သာ ရှိသူများ
- ပုံမှန်ငွေလွှဲလေ့ရှိသည့် ပမာဏသည် ဘတ် (၅၀,၀၀၀) ထက် မပိုသော ဖောက်သည်များ
ဒုတိယနှင့် တတိယအမျိုးအစားရှိသော သုံးစွဲသူများသည် အရေးပေါ်ငွေလွှဲရန် လိုအပ်ပါက သို့မဟုတ် ၎င်းတို့၏ကန့်သတ်ချက်များကို တိုးမြှင့်လိုပါက မိုဘိုင်းဘဏ်လုပ်ငန်းအက်ပလီကေးရှင်းများ၊ ခေါ်ဆိုမှုစင်တာများ သို့မဟုတ် ဘဏ်ခွဲများသို့ ကိုယ်တိုင်သွားရောက်ခြင်းကဲ့သို့သော သတ်မှတ်ထားသည့် နည်းလမ်းများမှတစ်ဆင့် ၎င်းတို့၏ဘဏ္ဍာရေးအဖွဲ့အစည်းများကို ဆက်သွယ်နိုင်ပါသည်။
BOT က သတိပေးထားသည့်အချက်အရ သက်ကြီးရွယ်အို သုံးစွဲသူများသည် အထူးအန္တရာယ်ရှိနိုင်သဖြင့် ငွေကြေးအဖွဲ့အစည်းများမှ အထူးဂရုပြုဆောင်ရွက်ပေးမည် ဖြစ်ပြီး၊ ငွေလွှဲအကန့်အသတ်များကို သာမန် လုပ်ငန်းငွေကြေး အပြောင်းအလဲပုံစံနှင့် ကိုက်ညီစေရန် ညှိနှိုင်းပြင်ဆင်ပေးမည် ဖြစ်သည်။ သို့သော် သက်ကြီးရွယ်အို သုံးစွဲသူများသည် မိမိတို့၏ မူလ ငွေလွှဲအကန့်အသတ်ကို ဆက်လက် ထိန်းသိမ်းပေးရန် တောင်းဆိုခွင့်ကို ထိန်းသိမ်းထားနိုင်မည်လည်း ဖြစ်သည်။
ဤအစီအမံများသည် အွန်လိုင်းဘဏ်လုပ်ငန်းအသုံးပြုသူများကို ပစ်မှတ်ထားသည့် ပိုမိုရှုပ်ထွေးသည့် လိမ်လည်မှုစစ်ဆင်ရေးများကို တိုက်ဖျက်ရန်နှင့် သုံးစွဲသူများကို ကာကွယ်ရန်အတွက် ဗဟိုဘဏ်၏ ပိုမိုကျယ်ပြန့်သော လုပ်ဆောင်မှု၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။
Source: The Nation Thailand