လက်ရှိမှာတော့ စက်တင်ဘာလ (၇) ရက်နေ့ကတည်းက သည်းထန်စွာရွာသွန်းခဲ့တဲ့ မိုးနဲ့အတူ ဒီရေတက်လို့ Samut Prakan ခရိုင်တစ်ခုလုံးမှာ ရေကြီးရေလျှံမှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။
Samut Prakan မှာတော့ ရေတွေပြန်ကျသွားလို့ ကားငယ်လေးတွေ သွားလာနိုင်ပြီဖြစ်ပါတယ်။
ဒါပေမဲ့ အဓိကလမ်းမကြီးတွေဖြစ်တဲ့ Srinakarin–Bang Na-Tratလမ်းနဲ့ Phuttharaksa လမ်းတို့မှာတော့ ရေတွေရှိနေဆဲဖြစ်ပြီး ရေကျဖို့အတွက်လည်း စောင့်ဆိုင်းနေရဆဲပဲဖြစ်ပါတယ်။
ခရိုင်တစ်ခုလုံးမှာ မိုးဖွဲဖွဲလေးတွေ ဆက်လက်ရွာသွန်းနေတာကြောင့် ရေကျတဲ့လုပ်ငန်းတွေ နှေးကွေးနေပြီး ရပ်ကွက်အချို့မှာတော့ ရေတွေဝပ်နေဆဲဖြစ်ပါတယ်။
လုံခြုံရေးအရ သတိထားဆောင်ရွက်တဲ့အနေနဲ့ စက်တင်ဘာ (၈) ရက်နေ့အတွက် ခရိုင်အတွင်းက ကျောင်းပေါင်း (၁၃) ကျောင်းဟာ ကျောင်းတွေပိတ်ထားပြီး အတန်းတွေကို အွန်လိုင်းကနေ သင်ကြားပေးခဲ့ပါတယ်။
အာဏာပိုင်တွေကတော့ အခြေအနေကို အနီးကပ်စောင့်ကြည့်နေပြီး အခြေအနေကောင်းလာတာနဲ့အမျှ အချိန်နဲ့တစ်ပြေးညီ သတင်းထုတ်ပြန်ပေးသွားမယ်လို့ သိရပါတယ်။
Source: The Nation Thailand