Bolt သည် ယခုနှစ်အတွင်း ဥပဒေချိုးဖောက်မှုပေါင်း ၂,၁၉၃ မှု အထိ ရှိနေပြီး အထူးသဖြင့် ခရီးသည်များ၏ ဘေးကင်းလုံခြုံရေးကို အလေးမထားသည့်အတွက် ဌာနက ယခုလို တင်းတင်းကြပ်ကြပ် ကိုင်တွယ်ရန် ပြင်ဆင်နေခြင်း ဖြစ်ပါတယ်။
Bolt ၏ ခရီးသည်ပို့ဆောင်ရေး လုပ်ငန်းလိုင်စင်သည် လာမည့် မေလ ၁၁ ရက် တွင် သက်တမ်းကုန်ဆုံးမည် ဖြစ်သည်။ လုံခြုံရေးစံနှုန်းနှင့် ကြီးကြပ်မှုအပိုင်းတွင် တိုးတက်လာကြောင်း သက်သေမပြနိုင်ပါက လိုင်စင်သက်တမ်းတိုးပေးမည် မဟုတ်ဟု DLT ညွှန်ကြားရေးမှူးချုပ်က ဆိုပါတယ်။ ဧပြီလ ၂၃ ရက်က ဘန်ကောက်တွင် အမျိုးသမီးခရီးသည်တစ်ဦးကို အိမ်သို့မပို့ဘဲ မောင်းနှင်သွားသဖြင့် ခရီးသည်က ဆိုင်ကယ်ပေါ်မှ ခုန်ချခဲ့ရသည့် ဖြစ်ရပ်က အဓိက အစပျိုးခဲ့ခြင်း ဖြစ်ပါတယ်။ စစ်ဆေးချက်အရ အဆိုပါ Rider သည် သူတစ်ပါး အကောင့်ကို အသုံးပြုထားပြီး တရားဝင်လိုင်စင်လည်း မရှိကြောင်း တွေ့ရှိရပါတယ်။

ယခုနှစ်အတွင်း App အခြေပြု ခရီးသွားလုပ်ငန်းများ၏ ဥပဒေချိုးဖောက်မှု ၆,၇၇၆ မှုအနက် Bolt တစ်ခုတည်းကပင် သုံးပုံတစ်ပုံ (၂,၁၉၃ မှု) ခန့် ရှိနေပါတယ်။ သယ်ယူပို့ဆောင်ရေး ဝန်ကြီးဌာနသည် ယာဉ်မောင်းများကို စနစ်တကျ ကြီးကြပ်ရန် ပျက်ကွက်သည့် Platform များကို ပိုမိုပြင်းထန်စွာ အရေးယူရန် ပြင်ဆင်နေပြီး Bolt ကုမ္ပဏီကိုလည်း ခေါ်ယူစစ်ဆေးသွားမည် ဖြစ်ပါတယ်။
ဥပဒေနှင့်အညီ မလုပ်ဆောင်သည့် Platform များကို အသုံးမပြုကြရန်နှင့် ဘေးကင်းလုံခြုံမှုရှိသော တရားဝင်ယာဉ်များကိုသာ ရွေးချယ်စီးနင်းကြရန် DLT က တိုက်တွန်းထားပါတယ်။
Source;Thaiger
#Mingalarnews #BoltThailand2026 #DLTThailand #RideHailingSecurity #BoltLicenseExpiry #ThailandTravelNews
