လူ ၂၇ ဦး သေဆုံးခဲ့သည့် Lat Phrao မီးလောင်မှုအပြီးတွင် ဘန်ကောက်မြို့တော်အုပ်ချုပ်ရေးမှူး ချတ်ချာတ် က အဆောက်အအုံတွင်း မီးလောင်လွယ်သော အလှဆင်ပစ္စည်းများ သုံးစွဲမှုအပေါ် စည်းမျဉ်းများ တင်းကျပ်ရန်နှင့် ဖျော်ဖြေရေးဇုန်ဥပဒေများကို ပြင်ဆင်ရန် စီစဉ်နေပါတယ်။
ဆိုင်မျက်နှာကြက်ရှိ အလှဆင်ပစ္စည်းများကြောင့် မီးအရှိန်မြန်ကာ အဆိပ်ငွေ့များ ထွက်ခဲ့ပြီး၊ လူအများစုမှာ လမ်းမှားကာ အိမ်သာထဲ ပိတ်မိသေဆုံးခဲ့ရသည်။
လက်ရှိ ခံဥပဒေမှာ ဖျော်ဖြေရေးလုပ်ငန်းကြီးများကိုသာ ကန့်သတ်ထားပြီး၊ တေးဂီတပါသော စားသောက်ဆိုင်များကို ကန့်သတ်မထားသဖြင့် ယင်းစံနှုန်းကို တိုးမြှင့်သတ်မှတ်သွားမည်။
လက်ရှိ ဖျော်ဖြေရေးဇုန်ဥပဒေမှာ RCA နှင့် ဆီလုံတွင်သာ ကန့်သတ်ထားသဖြင့် ခေတ်မမှီတော့သောကြောင့် လက်ရှိစီးပွားရေးလုပ်ငန်းများ လည်ပတ်မှုပုံစံနှင့်အညီ ပြန်လည်ပြင်ဆင်မည်။
Chatuchakခရိုင်အတွင်းရှိ အလားတူ စားသောက်ဆိုင် ၁၄ ဆိုင်ကို ဘေးကင်းလုံခြုံရေးအတွက် အရေးပေါ် လိုက်လံစစ်ဆေးသွားမည်ဖြစ်သည်။
မိသားစုဝင်များနှင့် အဆက်အသွယ်မရရှိသေးသူများအတွက် Phahon Yothin MRT (ထွက်ပေါက် ၄) တွင် စင်တာဖွင့်ထားပြီး၊ ချက်တူချက်ခရိုင်ရုံး ဖုန်း 081-734-1298 သို့ တိုက်ရိုက်ဆက်သွယ်စုံစမ်းနိုင်ပါသည်။
Source;The Nation
