ဘန်ကောက်မြို့၊ ဆာထုပရာဒစ် စီမံကိန်း လမ်းသွယ် ၃၄ (Soi Sathu Pradit 34) ၌ အောက်တိုဘာ ၁၀ ရက် (စနေနေ့) က ဓာတ်လှေကားကြိုး ပြတ်ထွက်သွားခဲ့သဖြင့် မြေပြင်သို့ ပြုတ်ကျသွားခဲ့ရာ လူတစ်ဦး သေဆုံးပြီး အခြားတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိသွားခဲ့ကြောင်း သိရပါတယ်။ […]
ထိုင်းတွင် RSV ဗိုင်းရပ်စ် ကူးစက်ခံရသူ ၈,၅၀၀ ကျော်ရှိလာ၊ အသက် ၆ လအောက် ကလေးငယ်များ ပိုမိုဂရုစိုက်ရန် သတိပေး
ထိုင်းနိုင်ငံတွင် ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ စက်တင်ဘာ ၈ ရက်အထိ အသက်ရှူလမ်းကြောင်းဆိုင်ရာ RSV ဗိုင်းရပ်စ် (Respiratory Syncytial Virus) ကူးစက်ခံရသူ စုစုပေါင်း ၈,၅၇၈ ဦး အထိ ရှိလာခဲ့ပြီး၊ လမစေ့ဘဲ မွေးဖွားလာသည့် ၂ လအရွယ် […]
ဖူးခက်တွင် မိုးသည်းထန်စွာ ရွာသွန်း၍ ရေကြီးပြီး သက်သတ်လွတ် ပွဲတော်လမ်းဆုံ ရေဝင်
ထိုင်းနိုင်ငံ၊ ဖူးခက် (Phuket) ခရိုင်၌ အောက်တိုဘာ ၉ ရက် နံနက်ပိုင်းတွင် မိုးတစ်နာရီခန့် မနားတမ်း သည်းထန်စွာ ရွာသွန်းခဲ့မှုကြောင့် မြို့နယ်အသီးသီးရှိ လမ်းမကြီးများပေါ်တွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပြီး၊ မြို့တော်အတွင်း ကျင်းပနေသည့် သက်သတ်လွတ် အစားအသောက် ပွဲတော်လမ်းဆုံကိုလည်း ရေဝင်ရောက်ကာ အနှောင့်အယှက် ဖြစ်စေခဲ့ပါတယ်။ နံနက် […]
စပီကာအတွင်း ဝှက်ယူလာသည့် ဘတ် ၆ သန်းကျော်တန် ရွှေ ၁.၃ ကီလိုဂရမ်ကို သုဝဏ္ဏဘူမိ လေဆိပ်တွင် ဖမ်းဆီးရမိ
အင်ဒိုနီးရှားနိုင်ငံ၊ ဂျာကာတာမှ ဘန်ကောက်၊ သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာသည့် အိန္ဒိယ အမျိုးသား ခရီးသည်တစ်ဦးထံမှ စပီကာအတွင်း သေချာစွာ ဝှက်ယူလာသော ကာလတန်ဖိုး ဘတ် ၆ သန်းကျော် တန်ဖိုးရှိ ရွှေ ၁.၃ ကီလိုဂရမ်ကျော်အား ထိုင်းအကောက်ခွန် အရာရှိများက စစ်ဆေးတွေ့ရှိ ဖမ်းဆီးလိုက်ပါတယ်။ […]
ထိုင်းနိုင်ငံသို့ လာသည့် နိုင်ငံခြားသား ခရီးသွားများထံမှ ဘတ် ၄၅၀ ဝင်ကြေး ကောက်ခံမည့် အစီအစဉ် ရှေ့ဆက် ဆောင်ရွက်မည်
ထိုင်းနိုင်ငံသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားသား ခရီးသွားများထံမှ တစ်ဦးလျှင် ဘတ် ၄၅၀ ဝင်ကြေး (Tourist Entry Fee) ကောက်ခံမည့် အစီအစဉ်အား ရှေ့ဆက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဒုတိယ ဝန်ကြီးချုပ်နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး မစ်ဆူဖာဂျီ (Suphajee Suthumpun) က အောက်တိုဘာ […]
အယုဒ္ဓယတွင် ရေကြီးစဉ် ငါးရံ့ကောင်ငယ်လေးများနှင့် သွားဆော့သည့် ၁၃ နှစ်အရွယ် ကလေးအား ငါးရံ့မကြီး ကိုက်ခံရ
ထိုင်းနိုင်ငံ၊ ဖရာနခွန် ဆီ အယုဒ္ဓယ (Phra Nakhon Si Ayutthaya) မြို့နယ်ရှိ ရေဘေးသင့်ကျေးရွာတစ်ခု၌ အသက် ၁၃ နှစ်အရွယ် ယောက်ျားလေးတစ်ဦးသည် ရေထဲတွင် ကူးခတ်နေသည့် ငါးရံ့ကောင်ငယ်လေးများ (Snakehead fry) အား လက်ဖြင့် သွားရောက်ဆော့ကစားခဲ့ရာမှ သားငယ်များကို စောင့်ရှောက်နေသည့် ငါးရံ့မကြီး၏ […]
ထိုင်းတစ်ဝန်း အောက်တိုဘာ ၉ ရက်မှ ၁၃ ရက်နေ့အထိ ၅ ရက်ဆက်တိုက် မိုးသည်းထန်စွာ ရွာသွန်းမည်
ထိုင်းနိုင်ငံ မိုးလေဝသဌာန (TMD) သည် အောက်တိုဘာလ ၉ ရက်မှ ၁၃ ရက်နေ့အထိ ၅ ရက်ဆက်တိုက် ထိုင်းနိုင်ငံတစ်ဝန်း မိုးသည်းထန်စွာ ရွာသွန်းခြင်း၊ မိုးကြိုးမုန်တိုင်းများ တိုက်ခတ်ခြင်း၊ လေပြင်းတိုက်ခတ်ခြင်းနှင့် အချို့ဒေသများတွင် မိုးသီးကြွေခြင်းများ ဖြစ်ပေါ်လာနိုင်သဖြင့် ပြည်သူများ အထူးသတိပြု ပြင်ဆင်ထားကြရန် အရေးပေါ် သတိပေးချက် […]
စနေ၊ တနင်္ဂနွေတွင် ဘန်ကောက် မြို့နယ် ၃ ခုနှင့် ခရိုင် ၂၃ ခု၌ ရေကြီးမှုနှင့် မြေပြိုမှု အန္တရာယ် သတိပေး
ထိုင်းအမျိုးသား ရေအရင်းအမြစ်ရုံး (ONWR) က လာမည့် အောက်တိုဘာ ၁၀ ရက်မှ ၁၂ ရက်အထိ စနေ၊ တနင်္ဂနွေ သီတင်းပတ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းနိုင်သဖြင့် ဘန်ကောက်မြို့နယ် ၃ ခု အပါအဝင် ခရိုင်ပေါင်း ၂၃ ခုတွင် ရေကြီးရေလျှံမှု၊ ရုတ်တရက် တောင်ကျရေကျဆင်းမှုနှင့် […]
ဘတ် သန်း ၂၀၀ လိမ်လည်သည့် Call Center ဂိုဏ်းမှ တရုတ် ၁ ဦးနှင့် မြန်မာ ၂ ဦး ဘန်ကောက်တွင် ဖမ်းဆီးခံရ
တက္ကသိုလ်ကျောင်းသား/သူများအား ပစ်မှတ်ထား၍ စုစုပေါင်း ဘတ် သန်း ၂၀၀ ကျော်အထိ လိမ်လည်ခဲ့သည့် Call Center ဂိုဏ်းကြီးကို နည်းပညာ ရာဇဝတ်မှု စုံစမ်းစစ်ဆေးရေး ရဲတပ်ဖွဲ့ (Cyber Police) က ဘန်ကောက်မြို့၊ စဖန်းဆူး (Saphan Sung) မြို့နယ်ရှိ စံအိမ်ဇိမ်ခံအိမ်ကြီးတစ်အိမ်အား ဝင်ရောက်စီးနင်းကာ […]
ထိုင်းတွင် ကျောင်းပြီးစ လူငယ် ၁၇၄,၀၀၀ အလုပ်လက်မဲ့ဖြစ်နေ
ထိုင်းနိုင်ငံ၌ ၂၀၂၆ ခုနှစ် ဒုတိယသုံးလပတ်အတွင်း အသက် ၂၀ မှ ၂၄ နှစ်အကြား ကျောင်းပြီးစ လူငယ် ၁၇၄,၀၀၀ ခန့် အလုပ်လက်မဲ့ဖြစ်နေပြီး၊ ပညာရေးစနစ်မှ မွေးထုတ်ပေးလိုက်သည့် ကျွမ်းကျင်မှုများနှင့် အလုပ်ရှင်များ တကယ်လိုအပ်နေသည့် နည်းပညာ ကျွမ်းကျင်မှုများ မဟပ်စပ်ခြင်း (Skills Mismatch) ကြောင့်ဖြစ်ကြောင်း […]

