ကမ္ဘာ့ရွှေစျေး ၁၁ ပတ်အတွင်း အနိမ့်ဆုံးသို့ ထိုးဆင်းမှုကြောင့် ထိုင်းရွှေစျေး တစ်မနက်တည်း ဘတ် ၂,၀၀၀ ကျော် ပြင်းထန်စွာ ကျဆင်း

ယနေ့ (၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၀ ရက်၊ ဗုဒ္ဓဟူးနေ့) နံနက်ပိုင်းတွင် နိုင်ငံတကာရွှေစျေးနှုန်းများ သိသိသာသာ ထိုးဆင်းသွားခဲ့မှုနှင့်အတူ ထိုင်းနိုင်ငံ၏ ပြည်တွင်းရွှေစျေးနှုန်းများသည်လည်း တစ်မနက်တည်းတွင် ထိုင်းဘတ် ၂,၀၀၅ ကျော်အထိ ပြင်းပြင်းထန်ထန် ထိုးကျသွားခဲ့ကြောင်း ထိုင်းရွှေကုန်သည်များအသင်း (Gold Traders Association) ၏ နံနက် ၀၉:၀၈ နာရီ တတိယအကြိမ် စျေးနှုန်းထုတ်ပြန်ချက်အရ သိရပါတယ်။

ရွှေတုံး (Gold Bullion)အဝယ်စျေး ၆၅,၁၅၀ ဘတ်၊ အရောင်းစျေး ၆၅,၃၅၀ ဘတ် ဖြစ်သွားသည်။

ရွှေထည်လက်ဝတ်ရတနာ (Gold Ornaments) အဝယ်စျေး ၆၃,၈၅၃.၉၂ ဘတ်၊ အရောင်းစျေး ၆၆,၁၅၀ ဘတ် သို့ ကျဆင်းသွားခဲ့သည်။

လွန်ခဲ့သည့် ၂ ရက် (ဇွန်လ ၈ ရက်) က ရွှေထည်အရောင်းစျေးမှာ ၆၈,၁၅၀ ဘတ် ရှိခဲ့ရာမှ ယနေ့တွင် ဘတ် ၂,၀၀၀ တိတိ ချက်ချင်း ထိုးကျသွားခြင်းဖြစ်ပြီး စျေးကွက်အတွင်း အရောင်းအဝယ်သမားများနှင့် ရင်းနှီးမြှုပ်နှံသူများ စောင့်ကြည့်ရမည့် ရွှေစျေးအတက်အကျ အလွန်ကြမ်းနေသည့် အခြေအနေဖြစ်သည်။

ကမ္ဘာ့ရွှေစျေး (Spot Gold) သည် တစ်ရက်တည်းတွင် ၁.၈ ရာခိုင်နှုန်းအထိ ထိုးကျသွားပြီး တစ်အောင်စလျှင် ၄,၁၈၇.၅၉ ဒေါ်လာ သို့ ရောက်ရှိကာ ၁၁ ပတ်အတွင်း အနိမ့်ဆုံးစံချိန် ဖြစ်သွားခဲ့သည်။

အမေရိကန်နှင့် အီရန်အကြား စစ်ရေးပဋိပက္ခများ ပြန်လည်ပြင်းထန်လာပြီးနောက် ရေနံစျေးနှုန်းနှင့် အမေရိကန်ဒေါ်လာ (US Dollar) တန်ဖိုး မြင့်တက်လာခြင်းဖြစ်သည်။

ဒေါ်လာဈေးမာလာခြင်းကြောင့် ပြည်ပဝယ်လိုအားအတွက် ရွှေဝယ်ယူရန် ပိုမိုစျေးကြီးသွားစေသည့်အပြင်၊ ရေနံစျေးတက်ခြင်းက ငွေကြေးဖောင်းပွမှုကို ပြန်လည်လှုံ့ဆော်ပေးနိုင်သဖြင့် အတိုးနှုန်းများ (Interest Rates) ကို အချိန်အကြာကြီး မြှင့်တင်ထားနိုင်ခြေရှိခြင်းကြောင့် ရွှေစျေး ကျဆင်းသွားရခြင်းဖြစ်သည်။ ရွှေအပြင် ငွေ (Silver) ၂.၈ ရာခိုင်နှုန်းနှင့် ပလက်တီနမ် (Platinum) များပါ စျေးနှုန်း အသီးသီး လိုက်လံကျဆင်းခဲ့သည်။

Source;The Nation