ဖမ်းဆီးရမိသူမှာ Mingchen Sun ဖြစ်ပြီး ၎င်း၏ကားသည် ဆတ်တဟစ် (Sattahip) နယ်မြေအတွင်း တိမ်းမှောက်ရာမှ ရဲတပ်ဖွဲ့က ကားအတွင်းရှိ သေနတ်ကို စတင်တွေ့ရှိခဲ့ရာမှတစ်ဆင့် နေအိမ်ကိုပါ ဝင်ရောက်ရှာဖွေရာ လက်နက်တိုက်ကြီးတစ်ခုသဖွယ် သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ပါတယ်။
🔍 သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်းစာရင်း
ကားအတွင်းမှ:
▪️Glock 26 ပစ္စတို နှင့် ကျည် ၁၀ တောင့်။
▪️M16 ကျည် ၂၈ တောင့်။
နေအိမ်အတွင်းမှ:
▪️M16 ရိုင်ဖယ်သေနတ်: ၂ လက် နှင့် ကျည် ၇၆၃ တောင့်။
▪️C4 ဖောက်ခွဲရေးပစ္စည်း: စုစုပေါင်း ၃.၆ ကီလိုဂရမ်ခန့်။
▪️မိုင်းနှင့် လက်ပစ်ဗုံးများ: ရုရှားလုပ် POMZ-2 မိုင်း ၄ လုံး၊ တောင်ကိုရီးယားလုပ် လက်ပစ်ဗုံး ၁ လုံး နှင့် မြန်မာလုပ် (M6/01) လက်ပစ်ဗုံး ၁ လုံး အပါအဝင် လက်ပစ်ဗုံး စုစုပေါင်း ၁၀ လုံး။
▪️အခြား: လျှပ်စစ်စနက်တံများ၊ အဝေးထိန်းခလုတ်များ၊ ကျည်ကာအင်္ကျီ ၃ ထည်၊ အဆိပ်ငွေ့ကာမျက်နှာဖုံးများနှင့် ဓာတ်ဆီ ၈၀ လီတာ။

၎င်းသည် တရုတ်နိုင်ငံသားဖြစ်သော်လည်း ကမ္ဘောဒီးယားနိုင်ငံကူးလက်မှတ်နှင့် ထိုင်းနိုင်ငံသားမဟုတ်သူများအတွက် ထုတ်ပေးသည့် ID ကတ် (ပန်းရောင်ကတ်) ကိုလည်း ကိုင်ဆောင်ထားပါတယ်။ ထူးခြားချက်မှာ ၎င်းတွင် ၁၃ လုံးပါသည့် ထိုင်းနိုင်ငံသား စိစစ်ရေးနံပါတ်တစ်ခု ရှိနေခြင်းဖြစ်ပြီး ဤစာရွက်စာတမ်းများကို မည်သို့ရရှိခဲ့သည်ကို ရဲတပ်ဖွဲ့က စုံစမ်းနေပါတယ်။ ၎င်းသည် ၂၀၂၀ ခုနှစ်ကတည်းက ထိုင်းနိုင်ငံသို့ စတင်ဝင်ရောက်ခဲ့ပြီး ယခုလက်နက်များတွေ့ရှိသည့် အိမ်ကို တစ်လလျှင် ၃၈,၀၀၀ ဘတ်ဖြင့် ၂ နှစ်ကြာ ငှားရမ်းနေထိုင်ခဲ့ခြင်း ဖြစ်ပါတယ်။
လက်ရှိတွင် ဤလက်နက်များကို မည်သည့်နေရာတွင် တိုက်ခိုက်ရန် ရည်ရွယ်ထားသည်ကို အတည်မပြုနိုင်သေးသော်လည်း နိုင်ငံတော်လုံခြုံရေးရှုထောင့်မှနေ၍ အထူးအလေးထား စစ်ဆေးနေပါတယ်။ သံသယရှိသူမှာ စိတ်ကျရောဂါရှိသည်ဟု ဆိုထားသဖြင့် စိတ်ကျန်းမာရေးစစ်ဆေးမှုများလည်း ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
Source;Thaiger
