ကွန်ဂိုတွင် အီဘိုလာဗိုင်းရပ်စ် အန္တရာယ် အမြင့်ဆုံးအဆင့်သို့ ရောက်ရှိ – ကာကွယ်ဆေးနှင့် ကုထုံးမရှိသေးသည့် မျိုးစိတ်သစ်ဖြစ်၍ စိုးရိမ်

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံ (DRC) တွင် ဖြစ်ပွားနေသည့် သေစေနိုင်သော အီဘိုလာ (Ebola) ဗိုင်းရပ်စ် ကူးစက်မှုအန္တရာယ်ကို အမြင့်ဆုံးအဆင့် (Very High) သို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ၂၀၂၆ ခုနှစ်၊ မေလ ၂၂ ရက် တွင် တိုးမြှင့်သတ်မှတ်လိုက်ပါတယ်ဗျာ။ လက်ရှိတွင် အတည်ပြုလူနာ ၈၂ ဦး၊ သေဆုံးသူ ၇ ဦး ရှိနေသော်လည်း သံသယလူနာ ၇၅၀ ခန့်နှင့် သံသယဖြင့် သေဆုံးသူ ၁၇၇ ဦးအထိ

ယခုကူးစက်မှုသည် တွေ့ရခဲသည့် Bundibugyo (ဘန်ဒီဗူဂျို) အီဘိုလာမျိုးစိတ် ဖြစ်ပြီး၊ ၎င်းအတွက် လက်ရှိတွင် မည်သည့်အတည်ပြု ကာကွယ်ဆေး သို့မဟုတ် ကုသဆေးမှ မရှိသေးပါ။ လက်ရှိသုံးစွဲနေသည့် အခြားအီဘိုလာကာကွယ်ဆေးများလည်း မတိုးဘဲ၊ သီးသန့်ဆေးထုတ်ရန် အနည်းဆုံး ၆ လမှ ၉ လအထိ ကြာမြင့်နိုင်ပါတယ်။

WHO အနေဖြင့် Regeneron 3479 နှင့် MBP134 စသည့် စမ်းသပ်ဆဲကုထုံးများကို ဆေးဘက်ဆိုင်ရာ စမ်းသပ်မှုများ ပြုလုပ်ရန် တွန်းအားပေးနေပြီး၊ ပိုးရှိသူနှင့် ထိတွေ့ဖူးသူများအတွက် Obeldesivirသောက်ဆေးကို စမ်းသပ်ရန် ညွှန်ကြားထားပါတယ်။

ဗိုင်းရပ်စ်သည် ခန္ဓာကိုယ်မှ ထွက်သော အရည်များမှတစ်ဆင့် ကူးစက်တတ်ပြီး ကိုယ်တွင်းအင်္ဂါ ပျက်စီးစေနိုင်တာကြောင့် ရဝမ်ဒါနိုင်ငံ က ကွန်ဂိုဘက်မှလာမည့် နိုင်ငံခြားသားများကို နိုင်ငံအတွင်း ဝင်ရောက်ခွင့် လုံးဝပိတ်ပင် လိုက်ပြီ ဖြစ်ပါတယ်။

Source; Bangkok Post