မီတာခစနစ်သစ်သတိပြု – ဇူလိုင်လမှစတင်၍ အိမ်သုံးလျှပ်စစ် ယူနစ် ၄၀၀ ကျော်သုံးစွဲသူများ မီတာခနှုန်းထား တိုးမြှင့်ကောက်ခံရန် ERC ပြင်ဆင် 

ထိုင်းနိုင်ငံ စွမ်းအင်ထိန်းညှိရေးကော်မရှင်ရုံး (ERC) သည် စွမ်းအင်ကို ပိုမိုထိရောက်စွာ သုံးစွဲကြစေရန် ရည်ရွယ်ပြီး အိမ်သုံးလျှပ်စစ်မီးကို အဆင့်လိုက် တိုးမြှင့်ကောက်ခံမည့် စနစ်သစ် (Progressive Power Tariff) အား မိတ်ဆက်ရန် ပြည်သူလူထုထံမှ သဘောထားမှတ်ချက်များကို ယနေ့ ၂၀၂၆ ခုနှစ်၊ မေလ ၂၂ ရက်မှ ဇွန်လ ၅ ရက်နေ့အထိ စတင်တောင်းခံနေပြီဖြစ်ကြောင်း ERC အထွေထွေအတွင်းရေးမှူးချုပ် မစ္စတာ ပွန်ဖတ် (Poonpat Leesombatpaiboon) က ထုတ်ပြန်လိုက်ပါတယ်။

ဤမီးခနှုန်းထားစနစ်သစ်ကို လာမည့် ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ မီးဘေလ်စိုက်ကယ် (Billing Cycle) မှစတင်ကာ စမ်းသပ်သက်ရောက်ရန် လျာထားပြီး၊ လျှပ်စစ်မီး အလွန်အကျွံသုံးစွဲသည့် အိမ်ထောင်စုများအနေဖြင့် ယခင်ကထက် မီးခိုများ သိသိသာသာ ပိုမိုပေးဆောင်ရတော့မှာ ဖြစ်ပါတယ်။

မီးသုံးစွဲမှုအလိုက် ပြောင်းလဲသွားမည့် မီးခနှုန်းထား ဖြစ်နိုင်ခြေ ၄ ခု (Scenarios) အကျဉ်းချုပ်

ERC က အိမ်သုံးမီးသုံးစွဲသူများအတွက် အခြေအနေ ၄ မျိုးကို လေ့လာပြင်ဆင်ထားပြီး၊ ယခင်စနစ်ဟောင်းထက် ပြောင်းလဲသွားမည့် အချက်များကို စာပုံစံဖြင့် အောက်ပါအတိုင်း ခွဲခြားဖော်ပြပေးလိုက်ပါတယ်။

အခြေခံလူတန်းစား ပြည်သူများကို ကာကွယ်ရန်အတွက် မည်သည့်စနစ်တွင်မဆို စျေးနှုန်းပြောင်းလဲမည်မဟုတ်ပါ။ ပထမ ၁၅ ယူနစ်အတွက် ၁ ယူနစ်လျှင် ၂.၃၄၈၈ ဘတ်နှင့် နောက်ထပ် ၁၀ ယူနစ်အတွက် ၁ ယူနစ်လျှင် ၂.၉၈၈၂ ဘတ်နှုန်းအတိုင်း အပြောင်းအလဲမရှိ ဆက်လက်ကောက်ခံပါမည်။

ပြည်သူများ၏ ဝန်ထုပ်ဝန်ပိုးကို လျှော့ချရန်အတွက် ဤအုပ်စုကို မီးခနှုန်းထားများ သိသိသာသာ လျှော့ချပေးပါမည်။ ၂၆ ယူနစ်မှ ၁၅၀ ယူနစ်အထိ အပိုင်းတွင် ၁ ယူနစ်လျှင် ၀.၂၄ မှ ၀.၇၁ ဘတ်အထိ လျှော့ချပေးမည်ဖြစ်ပြီး၊ အထူးခြားဆုံးမှာ ၁၅၁ ယူနစ်မှ ၂၀၀ ယူနစ် အတွင်း သုံးစွဲမှုအတွက် ယခင် ၁ ယူနစ်လျှင် ၄.၂၂၁၈ ဘတ် ကောက်ခံရာမှ ၃.၀၀ ဘတ် သို့ (၁.၂၂၁၈ ဘတ်ခန့်) သိသိသာသာ လျှော့ချပေးသွားမည် ဖြစ်သည်။

ဤအုပ်စုတွင် ERC အနေဖြင့် စနစ် ၄ မျိုးကို စဉ်းစားနေခြင်း ဖြစ်သည်။၂၀၁ မှ ၄၀၀ ယူနစ်အထိကို ၄.၂၂၁၈ ဘတ်အတိုင်း ထားရှိမည်ဖြစ်သော်လည်း၊ ယူနစ် ၄၀၀ ကျော်သွားပါက မီးခမှာ ၁ ယူနစ်လျှင် ၅.၄၄၅၁ ဘတ်အထိ (၁.၀၂ ဘတ်ကျော်) ရုတ်တရက် ခုန်တက်သွားမည်ဖြစ်သည်။ယူနစ် ၂၀၁ ကတည်းက စျေးနှုန်းကို ၀.၄၉ မှ ၀.၅၄ ဘတ်ခန့် စတင်တိုးမြှင့်မည်ဖြစ်ပြီး၊ ယူနစ် ၄၀၀ ကျော်သွားပါက ၁ ယူနစ်လျှင် ၄.၉၆ မှ ၅.၀၀ ဘတ်ဝန်းကျင်အထိ (၀.၅၄ မှ ၁.၀၃ ဘတ်ခန့်) မြင့်တက်မည်ဖြစ်သည်။

မစ္စတာ ပွန်ဖတ်က “Scenario 4” သည် ယူနစ် ၄၀၀ ကျော် သုံးစွဲသူများအတွက် စျေးနှုန်းရုတ်တရက် ခုန်တက်မသွားဘဲ အမျှတဆုံးဖြစ်သဖြင့် အသင့်တော်ဆုံးဖြစ်ကြောင်းနှင့် ဤသို့ ယူနစ် ၄၀၀ ကျော် အမြောက်အမြား သုံးစွဲသူ အများစုမှာ ဘန်ကောက်နှင့် ပတ်ဝန်းကျင်ခရိုင်များတွင် ရှိကြကြောင်း အကြံပြုထားပါတယ်။

ယခု လျှပ်စစ်မီးခနှုန်းထား ပြန်လည်ပြင်ဆင်မှု (၂၀ rattle-၂၀၃၀) တွင် အိမ်သုံးအဆင့်ကို ပထမဆုံး စဉ်းစားခြင်းဖြစ်ပြီး၊ စက်မှုဇုန် (Industrial) နှင့် စီးပွားရေးလုပ်ငန်း (Commercial) ကဏ္ဍကြီးများ အတွက် မီးခနှုန်းထားများကို ၂၀၂၆ ခုနှစ်အတွင်း ဆက်လက်သုံးသပ် သတ်မှတ်သွားမည် ဖြစ်သည်။

စီးပွားရေးလုပ်ငန်းများအနေဖြင့် မီးခနှုန်းထား သက်သာစေရန်အတွက် အသုံးပြုချိန်အပေါ်မူတည်၍ ကောက်ခံသည့် Time of Use (TOU) စနစ်ကို ရွေးချယ်ပြီး ညဘက်တွင် လျှပ်စစ်မီးကို ပိုမိုစီမံခန့်ခွဲသုံးစွဲပါက ကုန်ကျစရိတ်ကို လျှော့ချနိုင်မည် ဖြစ်သည်။ ထို့အပြင် စနစ်သစ်သည် နေရောင်ခြည်စွမ်းအင်သုံး Solar Panel (ဆိုလာပြား) တပ်ဆင်အသုံးပြုခြင်းကို ပိုမိုတွန်းအားပေးရန်နှင့် သန့်ရှင်းသောစွမ်းအင် (Clean Energy) ဆီသို့ ကူးပြောင်းနိုင်ရန် အထောက်အကူပြုမည်ဖြစ်ကြောင်း သိရပါတယ်ဗျာ။

Source;The Nation