ချုံဖွန်တွင် ဒူးရင်းသီးခူးပြီးအပြန် မိုးသည်းထန်စွာရွာစဉ် ပစ်ကပ်ကားတစ်စီး အရှိန်လွန်ကာ မျက်နှာချင်းဆိုင်တိုက်မိ – ၂ နှစ်အရွယ် မိန်းကလေးငယ် အပါအဝင် ၆ ဦး သေဆုံး

ထိုင်းနိုင်ငံတောင်ပိုင်း၊ ချုံဖွန်ခရိုင် (Chumphon) တွင် ယနေ့ ၂၀၂၆ ခုနှစ်၊ မေလ ၂၃ ရက် (စနေနေ့) မွန်းလွဲပိုင်းက မိုးသည်းထန်စွာ ရွာသွန်းနေစဉ် အမျိုးအဆွေများ တင်ဆောင်လာသည့် ပစ်ကပ်ထရပ်ကားတစ်စီး အရှိန်လွန်ကာ လမ်းတစ်ဖက်ခြမ်းရှိ ကားတစ်စီးနှင့် မျက်နှာချင်းဆိုင် ပြင်းထန်စွာ တိုက်မိခဲ့ပါတယ်ဗျာ။ ဤဖြစ်ရပ်ကြောင့် ၂ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး အပါအဝင် စုစုပေါင်း ၆ ဦး သေဆုံးခဲ့ပြီး ၃ ဦး ဒဏ်ရာပြင်းထန်ရရှိခဲ့ပါတယ်။

မေလ ၂၃ ရက်၊ မွန်းလွဲ ၁၂:၃၀ နာရီခန့်တွင် ချုံဖွန်ခရိုင်၊ ဆာဝီဒေသ (Sawi District) ရှိ ခေါင်ပစ်-ခေါင်သာလု (Khao Pip-Khao Thalu) သွား လမ်းမပေါ်တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါတယ်။

အသက် ၂၂ နှစ်အရွယ် မောင်းနှင်လာသည့် Isuzu ပစ်ကပ်ကားသည် ဆွေမျိုးများနှင့်အတူ ခေါင်သာလုဒေသတွင် ဒူးရင်းသီးသွားရောက်ခူးပြီးအပြန် လမ်း၌ မိုးသည်းထန်စွာရွာသွန်းနေစဉ် ကွေ့တစ်ခုအရောက်တွင် အရှိန်မြှင့်မောင်းနှင်ခဲ့ရာမှ ကားဘီးချော်ကာ ထိန်းချုပ်မှုလွတ်သွားခဲ့ပါတယ်။ ထို့နောက် ကားမှာ လည်ထွက်သွားပြီး လမ်းတစ်ဖက်ခြမ်းမှ မောင်းနှင်လာသည့် ကားတစ်စီးနှင့် မျက်နှာချင်းဆိုင် အရှိန်ပြင်းပြင်းဖြင့် တိုက်မိခဲ့တာ ဖြစ်ပါတယ်။

ကားခေါင်းခန်းအတွင်း လိုက်ပါလာသည့် ယာဉ်မောင်းဖြစ်သူ၊ ၎င်း၏ ဇနီးနှင့် အသက် ၁၈ နှစ်အရွယ် လူငယ်တစ်ဦးတို့ ဒဏ်ရာပြင်းထန်ရရှိခဲ့ပြီး၊ ကားနောက်ဘက် တာပေါ်လင်အမိုးပါ ကားနောက်ခန်း (Truck bed) တွင် လိုက်ပါရပ်စီးလာသည့် ဆွေမျိုး ၄ ဦး (အသက် ၂၃ နှစ်၊ ၁၈ နှစ်၊ ၂၂ နှစ်ရှိ လူငယ် ၃ ဦးနှင့် ယာဉ်မောင်း၏ ၂ နှစ်အရွယ် သမီးငယ်) တို့မှာ ကားပေါ်မှ လွင့်စင်ကျကာ လည်ပင်းနှင့် အရိုးများကျိုးလျက် နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။

အတိုက်ခံရသည့် အခြားအစိမ်းရောင် မစ်ဆူဘီရှီ ပစ်ကပ်ကားမှာ လမ်းဘေးမြောင်းထဲသို့ မှောက်ခုံကျသွားခဲ့ပြီး၊ ကားအတွင်းပါလာသည့် သက်ကြီးစုံတွဲဖြစ်သူ အသက် ၆၅ နှစ်အရွယ် ယာဉ်မောင်းအမျိုးသားနှင့် ၆၀ အရွယ် အမျိုးသမီးတို့ နှစ်ဦးစလုံး ကားအတွင်း ညပ်ကာ သေဆုံးသွားခဲ့ပါတယ်။

သတင်းရရှိပြီးနောက် နာဆတ် (Nasak) ရဲစခန်းမှ တာဝန်ရှိသူများနှင့်အတူ ဒေသခံ ကယ်ဆယ်ရေးဖောင်ဒေးရှင်းအဖွဲ့ပေါင်းစုံမှ အရေးပေါ်လူနာတင်ယာဉ်များနှင့် ကယ်ဆယ်ရေးသမားများ ချက်ချင်း ရောက်ရှိလာခဲ့ကြပါတယ်။

ကယ်ဆယ်ရေးအဖွဲ့များက ဟိုက်ဒရောလစ် ညှပ်ဖြတ်စက် (Hydraulic Cutters) များကို အသုံးပြု၍ ကားအတွင်း ညပ်နေသည့် ဒဏ်ရာရရှိသူများနှင့် သေဆုံးသူများ၏ ရုပ်အလောင်းများကို ခက်ခဲစွာ ထုတ်ယူခဲ့ရပြီး၊ ဒဏ်ရာရရှိသူ ၃ ဦးနှင့် သေဆုံးသူများ၏ ရုပ်အလောင်းများကို ဆာဝီဆေးရုံ (Sawi Hospital) သို့ အရေးပေါ် ပို့ဆောင်ပေးခဲ့ပါတယ်။ လက်ရှိတွင် ရဲတပ်ဖွဲ့က အခင်းဖြစ်ပွားရာနေရာကို မှတ်တမ်းတင်ထားပြီး ဒဏ်ရာရနေသည့် Isuzu ယာဉ်မောင်း သက်သာလာပါက ဥပဒေအရ ဆက်လက်အရေးယူနိုင်ရန် စစ်ဆေးမေးမြန်းသွားမည် ဖြစ်ကြောင်း သိရပါတယ်ဗျာ။

Source; Thairath