ချွန်ဘူရီ ဒေသတွင်းရှိ လမ်းအဆင့်မြှင့်တင်ရေး စီမံကိန်းအရ သတ်မှတ်ထားသော လမ်းပိုင်းနေရာတွင် လမ်းကြောင်းလွှဲပြောင်းခြင်း များ ပြုလုပ်သွားမည်ဖြစ်သဖြင့် ဒေသခံပြည်သူများနှင့် လမ်းအသုံးပြုကြမည့် ယာဉ်မောင်းများအားလုံး ကြိုတင်သတိပြုနိုင်ရန် အာဏာပိုင်များက အရေးပေါ် အသိပေး ကြေညာထားပါတယ်။
📍 လမ်းကြောင်းလွှဲမည့် နေရာနှင့် ကာလ
🔹ပိတ်မည့် လမ်းပိုင်းနေရာ: စီမံကိန်း လမ်းအမှတ် ချဘို ၃၀၀၉ (Chor Bor 3009) – အဝေးပြေးလမ်းမကြီး အမှတ် ၃၃၁ (Highway 331) မှ ဘန်နောင်ခလား (Ban Nong Khla) သို့ ခွဲထွက်သည့် လမ်းပိုင်း။
🔹အသေးစိတ် အချက်အချာ: ကီလိုမီတာ ၆+၄၀၀ (KM. 6+400) ညာဘက်အခြမ်း (ရစ်ထာကုမ္ပဏီ – Ritta Co., Ltd. ဘေးရှိ နောင်ဝါးလူထုအသိုက်အဝန်း၊ လမ်းသွယ် ၃ အဝင်ဝ နေရာ)။
🔹ကြာမြင့်မည့် အချိန်ကာလ: ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၄ ရက်နေ့မှ ၁၄ ရက်နေ့အထိ (၁၁ ရက်တိုင်တိုင်)။
အဆိုပါ ကာလအတွင်း ၎င်းလမ်းပိုင်းတွင် လမ်းကြောင်းလွှဲပြောင်းခြင်းနှင့် ယာဉ်ကြောပိတ်ဆို့မှုများ ရှိနိုင်သဖြင့် လမ်းအသုံးပြုမည့် မိဘပြည်သူများအနေဖြင့် ခရီးစဉ်များကို ကြိုတင်စီမံခြင်း၊ သတိပြုမောင်းနှင်ခြင်း သို့မဟုတ် အခြားလမ်းဘေးရှောင် လမ်းကြောင်းများကို အစားထိုး အသုံးပြုကြပါရန် တိုက်တွန်းထားပါသည်။
Source;ชลบุรี ฮอต รีพอท นิวส
