ထိုင်းနိုင်ငံ၊ စမွတ်ဆောင်ခရမ်တွင် တရားမဝင် အမှတ်တံဆိပ်ကပ်ထားသည့် ငါးသေတ္တာဘူး အမြောက်အမြား ထပ်မံဖမ်းဆီးရမိ

ဒီဖြစ်စဉ်ဟာ စမုစခွန် (Samut Sakhon) မှာ ဖြစ်ပွားခဲ့တဲ့ ငါးသေတ္တာအညွှန်းလွဲမှုတွေနဲ့ ဆင်တူနေပြီး၊ အခုတစ်ကြိမ်မှာတော့ ထုတ်လုပ်တဲ့ စက်ရုံချင်း မတူညီဘူးလို့ သိရပါတယ်။

People’s Party အမတ် Anupap Likit-amnuaychai က ၎င်းကိုယ်တိုင်ဝယ်ယူခဲ့တဲ့ “ဆာဒင်းငါး” အညွှန်းတပ် ငါးသေတ္တာဘူးကို ဖွင့်ကြည့်ရာမှာ ဆာဒင်းငါးမဟုတ်ဘဲ သီလာပီယငါး (Tilapia) သို့မဟုတ် ကျူးကျော်ငါးမျိုးစိတ်ဖြစ်တဲ့ Blackchin Tilapia တွေ ဖြစ်နေတာကို တွေ့ရှိခဲ့ရပါတယ်။ ၎င်းက ဒါဟာ ထုတ်လုပ်သူဘက်က မတော်တဆ မှားယွင်းတာမျိုးမဟုတ်ဘဲ စားသုံးသူတွေကို တမင်ရည်ရွယ်ချက်ရှိရှိ လိမ်လည်လှည့်ဖြားတာဖြစ်တယ်လို့ ယူဆထားပါတယ်။ 

ထိုင်းနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) နဲ့ ငါးလုပ်ငန်းဦးစီးဌာနတို့ကို ဒီထုတ်ကုန်နဲ့ပတ်သက်ပြီး အမြန်ဆုံး စုံစမ်းစစ်ဆေးပေးဖို့ တောင်းဆိုထားပါတယ်။ ဝယ်ယူထားတဲ့ ပစ္စည်းနဲ့ အညွှန်းမကိုက်ညီပါက စားသုံးသူကာကွယ်ရေး ဦးစီးဌာန (OCPB) ရဲ့ Hotline 1166 သို့မဟုတ် FDA ရဲ့ Hotline 1556 တို့ကို ဖုန်းခေါ်ဆို၍ တိုင်ကြားနိုင်ပါတယ်။

Source;ThaiPBSWorld