ချွန်ဘူရီ၌ ကုန်ရထား လမ်းချော်၍ တွဲ ၃ တွဲ တိမ်းမှောက်၊ ထိခိုက်သူမရှိ

ထိုင်းနိုင်ငံ၊ ချွန်ဘူရီ (Chonburi) ခရိုင်၊ မြို့မရဲစခန်းနယ်မြေအတွင်း စက်တင်ဘာ ၄ ရက် (သောကြာနေ့) မွန်းလွဲ ၃:၀၀ နာရီခန့်က ကုန်တင်ရထားတစ်စီး လမ်းချော်မှုဖြစ်ပွားပြီး ရထားတွဲ ၃ တွဲ တိမ်းမှောက်သွားခဲ့ကြောင်း သိရပါတယ်။

ချွန်ဘူရီမြို့နယ်၊ နောင်းခမ်းခုတ် (Nong Khang Khok) ရပ်ကွက်၊ အုပ်စု ၁ ရှိ ရထားလမ်းကူးအနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကုန်တင်ရထားသည် ဘန်ကောက်ရှိ ဟူးတားခဲ (Hua Takhe) မှ ထွက်ခွာလာပြီး လိမ်းချဘန်း (Laem Chabang) ဆိပ်ကမ်းဘက်သို့ မောင်းနှင်စဉ် လမ်းချော်ခဲ့ခြင်းဖြစ်သည်။

ကုန်ရထားတွဲ ၃ တွဲမှာ ရထားလမ်းဘေးသို့ ဘေးစောင်း လဲပြို တိမ်းမှောက်ခဲ့ပြီး ပျက်စီးသွားခဲ့သော်လည်း သေဆုံးသူ သို့မဟုတ် ဒဏ်ရာရရှိသူ တစ်ဦးမျှ မရှိခဲ့ပေ။

ရထားလမ်းချော်မှုကြောင့် အဆိုပါ လမ်းကြောင်းတစ်လျှောက် ရထားပြေးဆွဲမှုများ ခဏတာ အဟန့်အတား ဖြစ်ခဲ့ရသည်။ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် စက်ယန္တရားများက တိမ်းမှောက်နေသော ရထားတွဲများကို မတော်တဆဖြစ်ပွားရာမှ မပြောင်းရွှေ့မီ ရထားလမ်းအား ပုံမှန်အတိုင်း အမြန်ဆုံး ပြန်လည်ပြေးဆွဲနိုင်ရေးအတွက် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

ရထားလမ်းချော်ရသည့် အဓိက အကြောင်းအရင်းကို မသိရှိရသေးဘဲ သက်ဆိုင်ရာ ဌာနများက အသေးစိတ် စုံစမ်းစစ်ဆေးမှုများ ဆက်လက် ဆောင်ရွက်လျက်ရှိသည်။

Source;Khaosod