ဂျပန်နိုင်ငံသည် လာမည့် ဇူလိုင်လ ၁ ရက် (ဗုဒ္ဓဟူးနေ့) မှစတင်ကာ အွန်လိုင်းမှ လျှောက်ထားသည့် အသက်ပြည့်ပြီးသူများ၏ ၁၀ နှစ်သက်တမ်းရှိ ပတ်စ်ပို့ခွင့်ပြုချက်ကြေးကို ယခင် ၁၅,၉၀၀ ယန်းမှ ၈,၉၀၀ ယန်း အထိ သိသာစွာ လျှော့ချပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်လိုက်ပါတယ်ဗျာ။
စနစ်သစ်တွင် လူကြီးများအတွက် ၅ နှစ်သက်တမ်း ပတ်စ်ပို့ကို ဖျက်သိမ်းလိုက်ပြီး ၁၀ နှစ်သက်တမ်းကိုသာ ခွင့်ပြုတော့မည် ဖြစ်သည်။ အကယ်၍ အွန်လိုင်းမှမဟုတ်ဘဲ လူကိုယ်တိုင် လာရောက်လျှောက်ထားပါက အပိုကြေး ၄၀၀ ယန်း ထပ်မံပေးဆောင်ရမည်။
အသက်မပြည့်သေးသူများအတွက် ၅ နှစ်သက်တမ်း ပတ်စ်ပို့ကိုသာ ခွင့်ပြုမည်ဖြစ်ပြီး အခကြေးငွေကို ၄,၄၀၀ ယန်း သတ်မှတ်လိုက်သည်။ ယခင်က အသက် ၁၂ နှစ်အောက် ကလေးငယ်များမှာ ၅,၉၀၀ ယန်းနှင့် အသက် ၁၂ နှစ်မှ ၁၇ နှစ်အတွင်းမှာ ၁၀,၉၀၀ ယန်း ပေးဆောင်ခဲ့ရခြင်း ဖြစ်သည်။
ပတ်စ်ပို့ကြေး လျှော့ချလိုက်ခြင်းကြောင့် လျှောက်ထားသူ အဆမတန် များပြားလာနိုင်သဖြင့် ပုံမှန် ၂ ပတ် ကြာမြင့်ရာမှ လတ်တလောတွင် ၁ လခန့် အထိ ကြာမြင့်နိုင်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက သတိပေးထားသည်။
ပတ်စ်ပို့ကြေးများ လျှော့ချလိုက်သော်လည်း နိုင်ငံတကာ ခရီးသွားအခွန် သို့မဟုတ် လေဆိပ်ထွက်ခွာခွန် (Departure Tax) များကို တိုးမြှင့်ကောက်ခံသွားမည်ဖြစ်သည်။
၎င်းအပြင် ဇူလိုင်လ ၁ ရက်နေ့မှစတင်၍ ဗီဇာကြေးများကိုလည်း အဆမတန် တိုးမြှင့်လိုက်သည်။ ယခင်က ၃,၀၀၀ ယန်းသာ ကျသင့်သည့် တစ်ကြိမ်ဝင်ဗီဇာ (Single-entry Visa) ကို ၁၅,၀၀၀ ယန်း အထိ တိုးမြှင့်လိုက်ပြီး၊ ယခင်က ၆,၀၀၀ ယန်း ကျသင့်သည့် အကြိမ်ကြိမ်ဝင်ဗီဇာ (Multiple-entry Visa) ကိုမူ ၃၀,၀၀၀ ယန်း အထိ တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ပါတယ်။
Source;The Nation
#Mingalarnews #JapanPassportFee2026 #JapanVisaHike #DepartureTaxJapan
