ထိုင်းနိုင်ငံတောင်ပိုင်း၊ စုန်ခလာ ခရိုင် တောင်ခြေတောအုပ်တစ်ခုအတွင်း ပုန်းအောင်းနေသည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၈၂ ဦးကို ဧပြီလ ၉ ရက်နေ့က ထိုင်းအာဏာပိုင်များ ဖမ်းဆီးရမိခဲ့သည်။
၎င်းတို့သည် ကရင်ပြည်နယ်၊ ဘုရားသုံးဆူနယ်စပ်မှတစ်ဆင့် တရားမဝင်ခိုးဝင်လာခြင်းဖြစ်ပြီး မလေးရှားနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန်အတွက် ပွဲစားခ မြန်မာငွေ ကျပ်သိန်း ၅၀ မှ ၁၀၀ အထိ ပေးဆောင်ခဲ့ရကြောင်း သိရသည်။
လက်ရှိတွင် အာဏာပိုင်များက လူကုန်ကူးမှု ရှိ၊ မရှိ စိစစ်မေးမြန်းနေပြီး ဥပဒေအရ အရေးယူပြီးပါက နေရပ်သို့ ပြန်လည်ပို့ဆောင်သွားမည်ဖြစ်သည်။

အလားတူ ကန်ချနပူရီ ခရိုင်တွင်လည်း တောလမ်း၊ ရေလမ်းများမှ ၄ ရက်ကြာ ခိုးဝင်လာသည့် မြန်မာနိုင်ငံသား ၁၀၀ ခန့်ကို ထပ်မံဖမ်းဆီးရမိထားသည်။
စစ်ဆေးရေးဂိတ်များကို ရှောင်ကွင်းရန် ပွဲစားများက လမ်းကြောင်းသစ်များ ပြောင်းလဲအသုံးပြုနေသည်ဟု ယူဆရသဖြင့် CCTV မှတ်တမ်းများမှတစ်ဆင့် ကွင်းဆက်တရားခံများကို အာဏာပိုင်များက ဆက်လက်စုံစမ်းဖော်ထုတ်လျက်ရှိသည်။
Source; Thaiger
