မြင့်တက်လာသော ရေနံစိမ်း စျေးနှုန်းများနှင့် အရှေ့အလယ်ပိုင်း ဒေသတွင်း တင်းမာမှုများကြောင့် ငွေကြေးဖောင်းပွမှု စိုးရိမ်ပူပန်မှုများ ပြန်လည် မြင့်တက်လာပြီး အမေရိကန် ဗဟိုဘဏ် (Fed) ၏ အတိုးနှုန်း လျှော့ချရေး အစီအစဉ်များ ကြန့်ကြာသွားနိုင်သဖြင့် ရွှေစျေးနှုန်း မြင့်တက်မှုနှုန်းမှာ ဖိအားများနှင့် ရင်ဆိုင်နေရပါတယ်ဗျာ။
တရုတ်နိုင်ငံ အပါအဝင် ကမ္ဘာ့ဗဟိုဘဏ်များ၏ အားကောင်းသော ရွှေဝယ်ယူမှုများနှင့် နောက်ဆုံးရ ရွှေစျေးနှုန်း စံချိန်တင် မြင့်တက်ခဲ့မှုများ ရှိခဲ့သော်လည်း၊ အမြတ်ထုတ် ရောင်းချမှုများ (Profit-taking) ကြောင့် ကမ္ဘာ့ရွှေစျေး (Spot Gold) မှာ တစ်အောင်စလျှင် ဒေါ်လာ ၄,၄၀၀ အောက်သို့ ပြန်လည် ကျဆင်းသွားခဲ့သည်။
သုံးသပ်သူများက စွမ်းအင် စရိတ် မြင့်တက်လာခြင်းသည် အမေရိကန် ဗဟိုဘဏ် (Fed) အတွက် ငွေကြေးမူဝါဒ ဖြေလျှော့ရေး လုပ်ဆောင်ရာတွင် ကန့်သတ်ချက်များ ဖြစ်ပေါ်စေနိုင်ကြောင်း သတိပေးထားသည်။
စျေးကွက် ကျွမ်းကျင်သူများက ရင်းနှီးမြှုပ်နှံသူများအနေဖြင့် ရွှေစျေးနှုန်း အနည်းငယ် ပြန်လည် ကျဆင်းသည့် အချိန် (Pullbacks) ကို စောင့်ဆိုင်းပြီးမှ စျေးကွက်အတွင်းသို့ ဝင်ရောက် ရင်းနှီးမြှုပ်နှံသင့်ကြောင်း အကြံပြုထားကြသည်။
Source;Bangkok Post
