နွန်ထဘူရီ ကျောင်းသေနတ်ပစ်ခတ်မှုအပြီး စိတ်ကျန်းမာရေးအဖွဲ့ MCATT မှ ထောက်ပံ့ကူညီမှုများ စတင်

နွန်သဘူရီခရိုင်ရှိ ကျောင်းသေနတ်ပစ်ခတ်မှု ဖြစ်စဉ်တွင် ထိခိုက်ခံစားခဲ့ရသည့် ကျောင်းသား၊ ဆရာ/ဆရာမများနှင့် မိသားစုဝင်များအတွက် စိတ်ကျန်းမာရေး အကူအညီနှင့် ပံ့ပိုးမှုများကို စိတ်ကျန်းမာရေး အရေးပေါ်တုံ့ပြန်ရေးအဖွဲ့ (MCATT) က အစဉ်မပြတ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါတယ်။
နွန်သဘူရီခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ပရိဖွန် ဂျူဂျမ်း (Dr Paripon Juljerm) ၏ ဩဂုတ် ၉ ရက် နံနက် ၈ နာရီအထိ စာရင်းများအရ တိုက်ရိုက် ထိခိုက်ခံရသူ စုစုပေါင်း ၃၆ ဦးရှိပြီး သေဆုံးသူ ၉ ဦးနှင့် ဒဏ်ရာရရှိသူ ၂၇ ဦး ပါဝင်သည်။ ဆေးရုံတက်ရောက်နေသူများ ဒဏ်ရာရရှိသူများအနက် ၁၄ ဦးမှာ ဆေးရုံ၌ ကုသမှု ခံယူနေဆဲဖြစ်သည်။
အနီရောင်အဆင့် (စိုးရိမ်ရ): ၅ ဦး – ခွဲစိတ်ကုသမှုများ ပြုလုပ်ထားပြီး အထူးကြပ်မတ်ကုသဆောင် (ICU) တွင် စောင့်ရှောက်ထားသည်။
အဝါရောင်အဆင့် (အသင့်အတင့်): ၅ ဦး – ဆေးရုံဆောင်များတွင် ကုသမှု ခံယူနေသည်။
အစိမ်းရောင်အဆင့် (အနည်းငယ်): ၄ ဦး – ဒဏ်ရာများကို ဆေးကြောပြုစုပေးထားသည်။
စိတ်ကျန်းမာရေးဦးစီးဌာန၊ သရီထညာ ဆေးရုံ (Srithanya Hospital) နှင့် အမှတ် ၄ စိတ်ကျန်းမာရေးစင်တာတို့ ပူးပေါင်း၍ အခင်းဖြစ်ပွားရာတွင် ရှိနေခဲ့သည့် ကျောင်းသားများ၊ ဆရာ/ဆရာမများ၊ ကျဆုံး/ဒဏ်ရာရသူများ၏ မိသားစုဝင်များနှင့် ရပ်ကွက်နေပြည်သူများထံ ကွင်းဆင်း စောင့်ရှောက်ပေးလျက်ရှိသည်။
ဩဂုတ် ၈ ရက်နေ့က ကျောင်းသား၊ ဆရာနှင့် မိဘ စုစုပေါင်း ၇၉ ဦးအား စိတ်ဖိစီးမှု စိစစ်ချက်အရ လူကြီး ၃၀ ဦးနှင့် ကျောင်းသား ၁၂ ဦးမှာ စိတ်ဒဏ်ရာရရှိနိုင်ခြေ မြင့်မားသည့်အုပ်စု (High Risk) တွင် ပါဝင်နေပြီး၊ ၎င်းတို့အနက် ၃ ဦးအား စိတ်ကျန်းမာရေး အထူးကုဆရာဝန်များနှင့် ပြသရန် ညွှန်းပို့ထားသည်။
လမ်းညွှန်ဆရာမများ၏ ကူညီမှုဖြင့် သတင်းအချက်အလက်များ စုဆောင်းကာ ဖုန်းနှင့် အွန်လိုင်းတို့မှတစ်ဆင့် စိတ်ဓာတ်ရေးရာ နှစ်သိမ့်ဆွေးနွေးမှုများကိုလည်း ပုံမှန် ပြုလုပ်ပေးလျက်ရှိသည်။

Source;The Nation