ထိုင်းနိုင်ငံတွင် လာရောက်ရိုက်ကူးထားသည့် နာမည်ကြီး တရုတ်အချစ်အက်ရှင် ဇာတ်လမ်းတွဲဖြစ်သော “Speed and Love”(iQIYI Platform တွင် ပြသနေသည့် ၂၉ ပိုင်းတွဲ ဇာတ်လမ်း) တရုတ်နှင့် ထိုင်းပရိသတ်များအကြား အလွန်ရေပန်းစားလာပြီးနောက်၊ ဇာတ်လမ်းတွဲထဲတွင် ပါဝင်သည့် ဘန်ကောက်မြို့ရှိ ခလောင်ဘန်လွန်း (Khlong Bang Luang) မြစ်ကမ်းနား လူမှုအသိုင်းအဝိုင်းဆီသို့ တရုတ်ခရီးသွားများနှင့် Social Media Influencer များ အုပ်စုလိုက် လာရောက်လည်ပတ်မှု ပိုမိုမြင့်တက်လာပါတယ်။
မင်းသမီး Esther Yu (Jiang Mu အဖြစ်) နှင့် မင်းသား He Yu (Jin Chao အဖြစ်) တို့ သရုပ်ဆောင်ထားသည့် ဤဇာတ်လမ်းတွဲတွင် ခလောင်ဘန်လွန်းတူးမြောင်းအပြင် MBK ကုန်တိုက်၊ တလတ်နွိုင်း (တရုတ်တန်းအနီး)၊ ဆပ္ပန်ခွိုင်းလမ်းဆုံ နှင့် ချောက်ဖယားမြစ်ဝှမ်း နေရာအစုံအလင်ကို ထည့်သွင်းရိုက်ကူးထားသည်။
တရုတ်ခရီးသွားများ အဓိက သွားရောက်ကြသည့် သမိုင်းဝင် ကမ်းနားသစ်သားအိမ်ကြီးဖြစ်ပြီး အစားအသောက်၊ ကော်ဖီအပြင် ပန်းချီဆွဲခြင်း၊ ပုတီးသီခြင်း စသည့် Craft Activities များကို ပြုလုပ်ရင်း ဓာတ်ပုံရိုက်လေ့ရှိကြသည်။ ၎င်းအပြင် အနီးနားရှိ ရေပေါ်စျေးတွင်လည်း လမ်းဘေးစာများနှင့် ထိုင်းမုန့်များကို မြည်းစမ်းနိုင်ကြသည်။
တူးမြောင်းပေါ်က တံတားငယ်လေးမှာ Influencer များအကြား အအောင်မြင်ဆုံး ဓာတ်ပုံရိုက်ကွင်းဖြစ်လာသလို၊ အလုပ်သမားနှင့် ခရီးသွားအချို့မှာ လှေစီးပြီး ဝပ်ပတ်နမ် (Wat Paknam Phasi Charoen) ရှိ ကြီးမားလှသော ရွှေရောင်ဗုဒ္ဓရုပ်ပွားတော်ကြီးအနီးသို့ သွားရောက်ကာ ဝေဟင်ဓာတ်ပုံများ ရိုက်ကူးကြသည်။ နောက်ထပ် လူပြောများသည့် ရိုက်ကွင်းတစ်ခုမှာ ထိုင်းရထားဟောင်းများ၏ ပြတင်းပေါက်ထိုင်ခုံနှင့် Vintage အတွင်းပိုင်း အပြင်အဆင်များ ဖြစ်သည်။
Source;Thaiger
