ထိုင်းနိုင်ငံအရှေ့မြောက်ပိုင်း၊ ဘွန်ကန်ခရိုင်၊ ဆေကာမြို့နယ်ရှိ ကျေးရွာတစ်ရွာ၏ အနောက်ဘက် တောစပ်တွင် အသက် ၁၂ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး အောက်ပိုင်းဗလာကျင်းလျက် အဓမ္မပြုကျင့် သတ်ဖြတ်ခံထားရသည့် စိတ်နှလုံးထိခိုက်ဖွယ်ရာ ရာဇဝတ်မှုတစ်ခု ဇွန်လ ၂၄ ရက် (ယနေ့) တွင် ဖြစ်ပွားခဲ့ပါတယ်။
မိခင်ဖြစ်သူသည် ပုံမှန်အတိုင်း ရွာအနောက်ဘက် တောစပ်သို့ မှိုရှာရန် ထွက်လာခဲ့ရာ အိမ်နှင့် ၁ ကီလိုမီတာခန့်အကွာ၌ လူတစ်ဦး လဲလျောင်းနေသည်ကို လှမ်းမြင်ခဲ့ရသည်။ ရွာသားများကို သွားရောက်အကူအညီတောင်း၍ လာရောက်ကြည့်ရှုချိန်မှသာ မိမိ၏ သမီးအရင်းဖြစ်နေသည်ကို သိရှိခဲ့ရခြင်း ဖြစ်သည်။
မိန်းကလေးငယ်သည် အောက်ပိုင်း ဗလာကျင်းလျက် ရှိနေပြီး ၎င်း၏ လည်ပင်းတွင် အားကစားဘောင်းဘီရှည်ဖြင့် ရစ်ပတ်ထားသည့် ဒဏ်ရာများ တွေ့ရသဖြင့် လည်ပင်းညှစ်သတ်ထားခြင်း ဖြစ်နိုင်ကြောင်း ယူဆရသည်။ ရဲရင်ခွဲဆရာဝန်၏ ကနဦးစစ်ဆေးချက်အရလည်း အဓမ္မပြုကျင့်ခံထားရသည့် ရည်ညွှန်းလက္ခဏာများနှင့် သွေးထွက်ဒဏ်ရာများ တွေ့ရှိထားသည်။
သေဆုံးသူ မိန်းကလေးကို ဇွန်လ ၂၃ ရက် ညပိုင်းက ကျောင်းအနီးရှိ သူငယ်ချင်းအိမ်သို့ ဆိုင်ကယ်ဖြင့် လိုက်ပို့ခဲ့သည့် နဦးလေးဖြစ်သူမှာ လက်ရှိတွင် အိမ်၌မရှိတော့ဘဲ ရာဘာခြံတွင် သွားရောက်ကူညီနေသည်ဟု အကြောင်းပြကာ ထွက်ခွာသွားသဖြင့် ရဲတပ်ဖွဲ့က စောင့်ကြည့်လျက်ရှိသည်။
ရဲတပ်ဖွဲ့က သံသယရှိသူများနှင့် ပတ်သက်ဆက်နွှယ်နိုင်သူ အားလုံးကို ခေါ်ယူစစ်ဆေးနေပြီဖြစ်ပြီး သေဆုံးရသည့် အကြောင်းရင်း အတိအကျနှင့် DNA အထောက်အထားများ ပေါ်ပေါက်စေရန်အတွက် ရုပ်အလောင်းကို ခွန်ကန်ခရိုင်ရှိ သီရိနဂရိန္ဒြာဆေးရုံသို့ ပို့ဆောင်ကာ ဆေးစစ်ချက်ရယူရန် စီစဉ်နေသည်။
Source;Ch7news
#Mingalarnews #BuengKanCrime #ChildProtection #ထိုင်းသတင်း
