ချင်းမိုင်တွင် ဆူညံသံကြောင့် ကာရာအိုကေဆိုင်ကို ရဲဝင်စီးရာ ဗီဇာရှိသော်လည်း အလုပ်ရှင်အမည်မတူသည့် မြန်မာလုပ်သား ၁၂ ဦး ဖမ်းဆီးခံရ

ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မြို့လယ်ရှိ မြန်မာရွှေ့ပြောင်းလုပ်သားများ အဓိကလာရောက်လေ့ရှိသည့် ကာရာအိုကေဆိုင်တစ်ဆိုင်ကို ဆူညံသံကြောင့် ပတ်ဝန်းကျင်မှ တိုင်ကြားသဖြင့် ရဲတပ်ဖွဲ့က ၂၀၂၆ ခုနှစ်၊ မေလ ၂၃ ရက် တွင် ဝင်ရောက်စီးနင်းခဲ့ရာ အလုပ်သမားလက်မှတ် (Work Permit) ရှိသော်လည်း အလုပ်ရှင်အမည် လွှဲမှားနေသည့် မြန်မာလုပ်သား ၁၂ ဦး ဖမ်းဆီးခံခဲ့ရပါတယ်ဗျာ။

ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား ၁၂ ဦးစလုံးတွင် တရားဝင်အလုပ်လုပ်ကိုင်ခွင့် ကတ်ပြားများ ရှိကြသော်လည်း၊ ကတ်ပေါ်ရှိ အလုပ်ရှင်အမည်နှင့် လက်ရှိလုပ်ကိုင်နေသည့် ဆိုင်အလုပ်ရှင်အမည်မှာ တူညီမှုမရှိဘဲ လွဲမှားနေသည်ကို စစ်ဆေးတွေ့ရှိခဲ့ရပါတယ်။

ထိုင်းနိုင်ငံ၏ ဥပဒေအရ အလုပ်သမားများသည် အလုပ်ပြောင်းလဲပါက ၁၅ ရက်အတွင်း သက်ဆိုင်ရာ မှတ်ပုံတင်အရာရှိထံသို့ အလုပ်ရှင်အပြောင်းအလဲကို အစီရင်ခံတင်ပြရမည် ဖြစ်သော်လည်း ပျက်ကွက်ခဲ့သဖြင့် အရေးယူရန် Chang Phueak ရဲစခန်းသို့ လွှဲပြောင်းပေးခဲ့ပါတယ်။

အခြားဆက်စပ်သတင်းများအရ ထိုင်းနိုင်ငံအတွင်း ကမ္ဘောဒီးယားအလုပ်သမားအင်အား ၅ သိန်းခကျော်မှ ၂ သိန်းနီးပါးအထိ သိသိသာသာ လျော့နည်းသွားခဲ့သဖြင့် လက်ရှိသစ်သီးရိတ်သိမ်းရာသီတွင် ဘတ် ဘီလီယံ ၂၀၀ ကျော်တန်ဖိုးရှိ စိုက်ပျိုးရေးလုပ်ငန်းများ ထိခိုက်နေသောကြောင့် အလုပ်သမားဗီဇာသက်တမ်းတိုးခြင်းများကို အမြန်ဆုံး အကောင်အထည်ဖော်ပေးရန် ထိုင်းကုန်သည်ကြီးများအသင်းက အစိုးရထံ တိုက်တွန်းထားပါတယ်။

Source; Thaiger