ထိုင်းနိုင်ငံမြောက်ပိုင်း၊ မယ်ဟောင်ဆောင်ခရိုင် (Mae Hong Son)၊ ခွန်ယုမ်းမြို့နယ်ရှိ အဝေးပြေးလမ်းမကြီး အမှတ် ၁၀၈ (Highway 108) ပေါ်တွင် ၂၀၂၆ ခုနှစ်၊ ဇွန်လ ၁ ရက် (ယနေ့) နံနက် ၀၉:၂၀ နာရီခန့်က တောင်ပြိုကျမှုဖြစ်ပွားပြီး ကျောက်တုံးကြီးများ ပိတ်ဆို့နေသဖြင့် လမ်းလုံးဝပြတ်တောက်သွားပါတယ်။
ပြိုကျလာသည့် ကျောက်တုံးကြီးများမှာ အလွန်ကြီးမားလွန်းသဖြင့် လမ်းဦးစီးဌာနရှိ စက်ကိရိယာများဖြင့် ဖယ်ရှား၍မရဘဲ ဖြစ်နေသည်။ ထို့ကြောင့် ဒေသတွင်းရှိ ပိုမိုကြီးမားသော စက်ယန္တရားကြီးများကို ထပ်မံငှားရမ်းရန် အရေးပေါ် ချိတ်ဆက်နေရသည်။
ကားလမ်းမကြီး တစ်ခုလုံး ပိတ်ဆို့သွားသဖြင့် မော်တော်ယာဉ်အမြောက်အမြား လမ်းပေါ်တွင် Stranded ဖြစ်ကာ ပိတ်မိနေပြီး၊ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့များက ယာဉ်ကြောထိန်းညှိခြင်းနှင့် ခရီးသွားများကို ကူညီခြင်းများ လုပ်ဆောင်နေသည်။
ထိုင်းမြောက်ပိုင်းဒေသများသည် မိုးရာသီတွင် မိုးသည်းထန်စွာရွာသွန်းပါက မြေပြိုခြင်း (Landslide) နှင့် တောင်ကျရေကြောင့် ရွှေဗွက်နှစ်ခြင်း အန္တရာယ်များ အမြဲလိုလို ဖြစ်ပွားတတ်သည်။
မိုးရာသီကာလအတွင်း သွားလာရခက်ခဲသည့် မယ်ဟောင်ဆောင် တောင်ပတ်လမ်းများကို အသုံးပြုမည့် မြန်မာကုန်စည်ပို့ဆောင်သူများနှင့် ခရီးသွားများအနေဖြင့် လတ်တလော Highway 108 လမ်းပိုင်းကို ရှောင်ရှားကြရန်နှင့် မိုးရွာနေစဉ် တောင်ကုန်းအစွန်းများမှ မြေစာနှင့် ကျောက်ခဲများ လိမ့်ကျလာနိုင်ခြေကို အထူးသတိပြု မောင်းနှင်ကြရန် လိုအပ်ပါတယ်။
Source;Thaiger
