ကနေဒါနိုင်ငံ၊ အိုတာဝါမြို့ (Ottawa) ရှိ ပါလီမန်ရင်ပြင် (Parliament Hill) တွင် ကနေဒါနိုင်ငံတစ်ဝန်းရှိ အဖွဲ့အစည်းပေါင်း ၅၆ ခုမှ ဗုဒ္ဓဘာသာရဟန်းသံဃာတော်များနှင့် လူပုဂ္ဂိုလ် ၅၀၀ ကျော် စုပေါင်း၍ ကဆုန်လပြည့်ဗုဒ္ဓနေ့ (Vesak Day) အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြပါတယ်ဗျာ။
အဆိုပါအခမ်းအနားသို့ တိုရွန်တိုဘာဝနာကျောင်းတိုက် (Bhavana Toronto Temple) နှင့် ဗန်ကူးဗား ဓမ္မကာယကျောင်းတိုက် (Wat Phra Dhammakaya Vancouver) တို့မှ ထိုင်းဆရာတော် နှစ်ပါး တက်ရောက်၍ ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခဲ့ကြသည်။
ပါလီမန်ရင်ပြင်တွင် ဗုဒ္ဓဘာသာ၏ ကရုဏာနှင့် သတိပဋ္ဌာန်တရားများက ကနေဒါလူ့အဖွဲ့အစည်းအပေါ် အကျိုးပြုပုံကို သတင်းစာရှင်းလင်းပွဲပြုလုပ်ခြင်း၊ ပါလီမန်ရှေ့ရှိ Centennial Flame (ရာပြည့်မီးလျှံ) တွင် ရေစင်သွန်းချပူဇော်ခြင်းနှင့် လူမျိုးစုံယဉ်ကျေးမှုအကြား ချစ်ကြည်ရေးအတွက် ငြိမ်းချမ်းရေးလမ်းလျှောက်ခြင်း (National Peace Walk) တို့ကို ပြုလုပ်ခဲ့ကြသည်။
ယခုစုပေါင်းဆန္ဒထုတ်ဖော်မှုသည် ကုလသမဂ္ဂက အသိအမှတ်ပြုထားသည့် ကဆုန်လပြည့်ဗုဒ္ဓနေ့ကို ဂုဏ်ပြုရုံသာမက၊ နှစ်စဉ် မေလ (May) ကို ကနေဒါနိုင်ငံ၏ “ဗုဒ္ဓဘာသာအမွေအနှစ်လ” (Canadian Buddhist Heritage Month) အဖြစ် ဖက်ဒရယ်အစိုးရက တရားဝင် ပြဌာန်းကြေညာပေးရန် တွန်းအားပေး တောင်းဆိုခဲ့ကြခြင်း ဖြစ်သည်။
ဒီသတင်းဟာ ကမ္ဘာတစ်ဝန်းမှာ ဗုဒ္ဓဘာသာလှုပ်ရှားမှုတွေ တိုးတက်လာပုံကို ပြသနေပြီး၊ အထူးသဖြင့် နိုင်ငံရပ်ခြားရောက် မြန်မာ/ထိုင်း ဗုဒ္ဓဘာသာဝင်တွေအတွက် ဂုဏ်ယူစရာ သတင်းဖြစ်ပါတယ်ဗျာ။
အကယ်၍ ကနေဒါအစိုးရက မေလကို ဗုဒ္ဓဘာသာအမွေအနှစ်လအဖြစ် တရားဝင်သတ်မှတ်ပေးလိုက်ပါက နောင်နှစ်တွေရဲ့ မေလမှာ အနောက်နိုင်ငံတွေရဲ့ ယဉ်ကျေးမှုပွဲတော်တွေ၊ ပညာရေးနဲ့ လူမှုရေး Content တွေမှာ ဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ပိုမိုကျယ်ပြန့်စွာ ထည့်သွင်းချပြခွင့် ရရှိလာမှာဖြစ်လို့ မီဒီယာသမားများနှင့် Content Creator များအနေဖြင့် ကြိုတင်လေ့လာမှတ်သားထားသင့်တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။
Source;Khaosod
