ထိုင်းနိုင်ငံရှိ Delivery Rider ပေါင်း ၁၀၀ ကျော်သည် ၂၀၂၆ ခုနှစ်၊ မေလ ၂၇ ရက် က အလုပ်သမားဝန်ကြီးဌာနရှေ့တွင် စုဝေးပြီး၊ ၎င်းတို့အား လူမှုဖူလုံရေးစနစ်အောက် သွင်းမည့်အစီအစဉ်ကို ဝင်ငွေထိခိုက်နိုင်ခြင်းနှင့် အလုပ်လုပ်ရာတွင် လွတ်လပ်မှုမရှိတော့ခြင်းတို့ကြောင့် ကန့်ကွက်ကြောင်း အသနားခံစာ တင်သွင်းခဲ့ကြပါတယ်။
လူမှုဖူလုံရေးကြေး လစဉ်ဖြတ်တောက်ခံရမည့်အပြင်၊ အလုပ်ရှင် (Platform) ကုမ္ပဏီများဘက်က ကုန်ကျစရိတ်ကာမိစေရန် တစ်ခေါက်ပို့ခ (Service Fee) များကို လျှော့ချပစ်နိုင်သဖြင့် စုစုပေါင်းဝင်ငွေ ကျဆင်းသွားမည်ကို စိုးရိမ်နေကြသည်။တင်းကျပ်သော စည်းမျဉ်းများကြောင့် Rider အလုပ်၏ အဓိကအားသာချက်ဖြစ်သည့် မိမိစိတ်ကြိုက် အချိန်စီမံခန့်ခွဲနိုင်မှု လျော့နည်းသွားနိုင်သည်။
လူမှုဖူလုံရေးစနစ်ထဲ ဝင်၊ မဝင်ကို အတင်းအကျပ်မလုပ်ဘဲ ကာယကံရှင်၏ သဘောဆန္ဒအလျောက် (Voluntary) သာ ဖြစ်စေချင်ပြီး Platform လုပ်သားများနှင့် ကိုက်ညီမည့် သီးသန့်ပုံစံကိုသာ ဖော်ဆောင်ပေးရန် တောင်းဆိုထားသည်။လက်ရှိတွင် မည်သည့်စနစ်အောက် ထည့်သွင်းမည်ကို အပြီးသတ် ဆုံးဖြတ်ရခြင်း မရှိသေးဘဲ၊ လာမည့်အပတ်တွင် အစိုးရ၊ ကုမ္ပဏီများနှင့် Rider ကိုယ်စားလှယ်များ ပါဝင်မည့် အထူးလုပ်ငန်းအဖွဲ့ (Working Group)ဖွဲ့စည်းကာ မျှတမည့်ဖြေရှင်းချက်ကို ညှိနှိုင်းရှာဖွေသွားမည် ဖြစ်သည်။
ထိုင်းနိုင်ငံတွင် Delivery မောင်းနှင်နေကြသည့် မြန်မာလုပ်သား အမြောက်အမြား ရှိနေသဖြင့် ဤဥပဒေအပြောင်းအလဲသည် ကျွန်တော်တို့ မြန်မာလူမျိုးများနှင့်လည်း သက်ဆိုင်လာနိုင်ပါတယ်ဗျာ။ အစိုးရဘက်က ပေးမည့် ဥပဒေကြောင်းအရ ခံစားခွင့်များနှင့် တစ်ဖက်တွင် ဖြစ်လာနိုင်သည့် တစ်ခေါက်ပို့ခအပြောင်းအလဲ တွက်ခြေကိုက်မှုကို လာမည့်လများအတွင်း ထွက်ပေါ်လာမည့် အထူးကော်မတီ၏ ဆုံးဖြတ်ချက်များမှတစ်ဆင့် ဆက်လက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
Source; The Nation
