လာအိုနိုင်ငံအလယ်ပိုင်း၊ ခမ်မောင်းပြည်နယ် (Khammouane Province) ရှိ ဂူတစ်ခုအတွင်း ရက်သတ္တပတ်နီးပါးကြာ ပိတ်မိနေခဲ့သည့် လာအိုနိုင်ငံသား ၇ ဦးအနက် ၅ ဦးကို မေလ ၂၇ ရက်နေ့တွင် အသက်ရှင်လျက် ပြန်လည်ရှာဖွေတွေ့ရှိ ခဲ့ပြီဖြစ်ပြီး ကျန်ရှိနေသူ ၂ ဦးကို ကယ်ဆယ်ရေးအဖွဲ့များက ဆက်လက်ရှာဖွေနေကြောင်း သိရပါတယ်ဗျာ။
အဆိုပါ လာအိုနိုင်ငံသား ၇ ဦးသည် ၂၀၂၆ ခုနှစ်၊ မေလ ၁၉ ရက် ကတည်းက ဂူအတွင်း ပိတ်မိကာ ပျောက်ဆုံးနေခဲ့ခြင်း ဖြစ်သည်။ရာသီဥတုနှင့် မြေပြင်အနေအထား ခက်ခဲမှုများကြောင့် လာအိုဒေသခံအဖွဲ့များအပြင် သတင်းကောင်းထုတ်ပြန်ပေးခဲ့သည့် Pond Jakkrich Tangtun အပါအဝင် ထိုင်းနိုင်ငံသား ကယ်ဆယ်ရေးကျွမ်းကျင်သူအဖွဲ့များပါ အစောပိုင်းရက်ကတည်းက ပူးပေါင်းကူညီ ရှာဖွေပေးခဲ့ကြသည်။
ပိတ်မိနေသူ ၅ ဦးကို ဘေးကင်းစွာ ရှာဖွေတွေ့ရှိထားပြီဖြစ်သော်လည်း ကျန်ရှိနေသည့် ၂ ဦးကိုပါ ထပ်မံတွေ့ရှိနိုင်ရေးအတွက် ကယ်ဆယ်ရေးအဖွဲ့များက အချိန်နှင့်တစ်ပြေးညီ အရှိန်အဟုန်မြှင့် ရှာဖွေရေးလုပ်ငန်းများ ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်သည်။
၂၀၁၈ ခုနှစ်က ထိုင်းနိုင်ငံ “သမ်လွမ်” ဂူတွင်းကယ်ဆယ်ရေး ဖြစ်စဉ်တုန်းကလိုပဲ အခု လာအိုဂူတွင်းပိတ်မိမှုမှာလည်း အိမ်နီးနားချင်း ထိုင်းကယ်ဆယ်ရေးအဖွဲ့တွေက ချက်ချင်းသွားရောက်ပူးပေါင်း ကူညီပေးခဲ့ကြတာ တွေ့ရပါတယ်ဗျာ။ လက်ရှိ မိုးဦးကျကာလတွေမှာ ဂူအောင်းခြင်း၊ သဘာဝလိုဏ်ဂူတွေထဲ လေ့လာခြင်းဟာ မိုးရွာသွန်းမှုကြောင့် ဂူဝပိတ်ဆို့တာ ဒါမှမဟုတ် ဂူတွင်းရေလျှံတာမျိုးတွေ ရုတ်တရက်ဖြစ်ပွားနိုင်လို့ အထူးသတိပြု ရှောင်ကြဉ်ကြဖို့ လိုအပ်လှပါတယ်။
Source;Thairath
