ဒီစီမံကိန်းဟာ ဘတ်စ်ကားမှတ်တိုင်တွေကို အသစ်လဲလှယ်ရုံတင်မကဘဲ နည်းပညာသုံးပြီး ခရီးသွားလာမှု အတွေ့အကြုံသစ်ကို ဖန်တီးပေးမှာ ဖြစ်ပါတယ်။
ဒစ်ဂျစ်တယ်မှတ်တိုင်အသစ်တွေမှာ ဘတ်စ်ကားဘယ်အချိန်ရောက်မလဲဆိုတာကို အချိန်နဲ့တစ်ပြေးညီ (Real-time) ပြသပေးမှာဖြစ်လို့ စောင့်ဆိုင်းရမယ့်အချိန်ကို အတိအကျ သိနိုင်တော့မှာ ဖြစ်ပါတယ်။ ဒီစီမံကိန်းကို BMA၊ Mayday၊ Grab နဲ့ ထိုင်းနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ (TAT) တို့ ပူးပေါင်းပြီး နည်းပညာနဲ့ ရန်ပုံငွေများ ထည့်ဝင်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

ဘန်ကောက်တစ်မြို့လုံးမှာရှိတဲ့ မှတ်တိုင်ပေါင်း ၅,၁၉၉ ခုထဲက မှတ်တိုင် ၁,၁၀၀ ကျော်ကို ဒီနှစ်ထဲမှာ စတင်အဆင့်မြှင့်မှာပါ။ အဲဒီထဲက မှတ်တိုင် ၅၀၀ ကို ဒစ်ဂျစ်တယ်စနစ် တပ်ဆင်သွားမှာ ဖြစ်ပါတယ်။
မှတ်တိုင်တိုင်းမှာ မိမိရောက်ရှိနေတဲ့နေရာနဲ့ အနီးနားက ထင်ရှားတဲ့နေရာတွေကို ပြသပေးမယ့် မြေပုံတွေပါဝင်လာမှာဖြစ်လို့ လမ်းမမှားအောင် ကူညီပေးမှာ ဖြစ်ပါတယ်။
လက်ရှိမှာ စနစ်တပ်ဆင်မှုတွေ စတင်နေပြီဖြစ်ပြီး လာမယ့် မေလ မှာ သိသာတဲ့တိုးတက်မှုတွေကို မြင်တွေ့ရမှာပါ။ စီမံကိန်းတစ်ခုလုံးကိုတော့ ၂၀၂၇ ခုနှစ် မှာ အပြီးသတ်ဖို့ ရည်မှန်းထားပါတယ်။
Source;ThaiPBSWorld
