ထွန်ဖာဖွန်၌ စမုစာခွန်သို့ သွားမည့် မြန်မာ ၈ ဦးနှင့် ကားမောင်းသူ ဖမ်းဆီးခံရ၊ ပွဲစားခ ဘတ် ၂ သောင်းကျော် ပေးခဲ့ရ

ထိုင်းနိုင်ငံ၊ကန်ချနပူရီ (Kanchanaburi) ခရိုင်၊ထွန်ဖာဖွန်(Thong Pha Phum) မြို့နယ်တွင် စမုစာခွန် (Samut Sakhon) ခရိုင်သို့ သွားရောက်လုပ်ကိုင်ရန် လာရောက်သည့် မြန်မာအလုပ်သမား ၈ ဦး နှင့် ထိုင်းနိုင်ငံသား ယာဉ်မောင်း ၁ ဦးတို့ကို စက်တင်ဘာ ၇ ရက်နေ့က သံသယဖြစ်ဖွယ် မော်တော်ယာဉ်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရပါတယ်။

ကြေးနားပူရီ ခရိုင်အုပ်ချုပ်ရေးမှူး၏ ညွှန်ကြားချက်အရ ထောင်းဖာဖူးမီး မြို့နယ်အုပ်ချုပ်ရေးမှူး မစ္စတာ အနုဆွန် (Anusorn Sanga-saeng) က အဖွဲ့အား တာဝန်ပေးအပ်၍ ချလဲ့ (Chalae) ရပ်ကွက်၊ အမှတ် ၂ ကျေးရွာအတွင်း ကင်းလှည့်စစ်ဆေးစဉ် သံသယဖြစ်ဖွယ် မော်တော်ယာဉ်တစ်စီးကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။

မော်တော်ယာဉ်ကို စစ်ဆေးရာတွင် ထိုင်းနိုင်ငံသား ယာဉ်မောင်း ၁ ဦးနှင့် တရားမဝင် ဝင်ရောက်လာသည့် မြန်မာအလုပ်သမား ၈ ဦး (စုစုပေါင်း ၉ ဦး) တို့ကို တွေ့ရှိခဲ့သည်။ယာဉ်မောင်းဖြစ်သူက အဆိုပါ မြန်မာအလုပ်သမားများကို စမုစာခွန် (မဟာချိုင်) သို့ ပို့ဆောင်ပေးရန်အတွက် တစ်ခေါက်လျှင် ဘတ် ၅,၀၀၀ ရရှိကြောင်း ဝန်ခံထွက်ဆိုသည်။

မြန်မာအလုပ်သမားများ၏ ထွက်ဆိုချက်အရ မလေးရှား သို့မဟုတ် ထိုင်းအတွင်းပိုင်းသို့ သွားရောက် လုပ်ကိုင်နိုင်ရေးအတွက် ပွဲစားဖြစ်သူအား တစ်ဦးလျှင် ဘတ် ၂၀,၀၀၀ မှ ၂၅,၀၀၀ အထိ ပေးဆောင်ခဲ့ရကြောင်း သိရသည်။

တာဝန်ရှိသူများက သံသယဖြစ်ဖွယ် မော်တော်ယာဉ် ၁ စီးနှင့် လက်ကိုင်ဖုန်း ၂ လုံးတို့ကို သက်သေအဖြစ် သိမ်းဆည်းခဲ့ပြီး တရားခံ ၉ ဦးစလုံးအား ဥပဒေအတိုင်း ဆက်လက်အရေးယူနိုင်ရန် ထောင်းဖာဖူးမီး မြို့မရဲစခန်းသို့ လွှဲပြောင်းပေးခဲ့သည်။

Source;ข่าวเด่นภูมิภาคทั่วไทย กาญจนบุรี