ထိုင်းနိုင်ငံ၊ နခွန်ပထုံခရိုင်ရှိ စက်ရုံတစ်ရုံတွင် အလုပ်ချိန်အတွင်း စက်ညှပ်၍ လက်ပြတ်တောက်ခဲ့သည့် မြန်မာလုပ်သားအား နစ်နာကြေး မပေးသည့်အပြင် MHAC မဟာမိတ်အဖွဲ့ထံ အကူအညီတောင်းခံသည်ဟုဆိုကာ နစ်နာသူ အစ်ကိုနှင့် စက်ရုံတွင် အလုပ်လုပ်နေသည့် ညီမဖြစ်သူတို့ကိုပါ အလုပ်မှ ရုတ်တရက် ထုတ်ပယ်လိုက်မှု ဖြစ်ပွားခဲ့ပါတယ်။
အစ်ကိုဖြစ်သူမှာ အလုပ်ချိန်အတွင်း စက်ညှပ်ပြီး လက်ပြတ်တောက်ခဲ့သော်လည်း စက်ရုံဘက်မှ နစ်နာကြေး မပေးခဲ့ပါ။ ထို့ကြောင့် MHAC မဟာမိတ်အဖွဲ့ထံ အကူအညီတောင်းခံခဲ့ရာ စက်ရုံဘက်မှ သိရှိသွားပြီး နစ်နာသူ အစ်ကိုနှင့် စက်ရုံ၌ အလုပ်လုပ်နေသည့် ညီမဖြစ်သူပါ ရုတ်တရက် အလုပ်ထုတ်ပယ်ခံခဲ့ရသည်။
ဩဂုတ် ၁၁ ရက်နေ့တွင် ရဲမင်း ဦးဆောင်သည့် MHAC မဟာမိတ်အဖွဲ့ (ထိုင်းရောက် မြန်မာလုပ်သား ကူညီစောင့်ရှောက်ရေး ကော်မတီ) က နခွန်ပထုံခရိုင် နယ်မြေခံ အလုပ်သမား ကာကွယ်စောင့်ရှောက်ရေးရုံး၌ သွားရောက်ကာ ထပ်မံ အမှုဖွင့်ပေးခဲ့သည်။
ကြိုတင် အကြောင်းကြားခြင်း မရှိဘဲ အလုပ်ထုတ်ပစ်သည့် နစ်နာကြေးနှင့် လုပ်သက်တမ်းအလိုက် နစ်နာကြေးများ အပါအဝင် အဓိက အချက် ၄ ချက်ဖြင့် အဆိုပြု အမှုဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
Source;MHAC
