နွန်ထဘူရီ၊ ဩဂုတ် ၇ (၂၀၂၆) – နွန်ထဘူရီခရိုင်၊ Debsirin Nonthaburi ကျောင်းတွင် ဖြစ်ပွားခဲ့သော သေနတ်ပစ်ခတ်မှု၌ ဆရာ ၃ ဦး၊ ကျောင်းသား ၃ ဦးနှင့် သေနတ်သမား အပါအဝင် စုစုပေါင်း ၇ ဦး သေဆုံး သွားခဲ့ပြီး ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပဏာမ ရဲသတင်းများအရ သိရပါတယ်။
အထူးတပ်ဖွဲ့ဝင်များနှင့် ရဲတပ်ဖွဲ့က ကျောင်းအဆောက်အအုံအတွင်း ပုန်းအောင်းနေသည့် သေနတ်သမားအား ဝိုင်းဝန်း ပိတ်ဆို့စဉ်အတွင်း သေနတ်သမားသည် စာသင်ခန်းအတွင်း မိမိကိုယ်ကို သေနတ်ဖြင့် ပစ်ခတ်ခဲ့သည်။ ရူအမ်ခါတန်ယူး (Ruamkatanyu) ကူညီရေးအဖွဲ့က ဆေးရုံသို့ အရေးပေါ် ပို့ဆောင်စဉ် လမ်းခုလတ်၌ သေဆုံးသွားခဲ့သည်။
သေနတ်သမား၏ ရုပ်အလောင်းအနီးမှ သေနတ်တစ်လက်၊ ကျည်ကတ်နှင့် ကျည်ဆန်များကို သိမ်းဆည်းရမိခဲ့ပြီး ၎င်း၏ လွယ်အိတ်အတွင်းမှ ကျည်ဆန် ၁၀ တောင့်ထက်မနည်းကိုပါ ထပ်မံတွေ့ရှိခဲ့သည်။
ရဲတပ်ဖွဲ့သည် သေနတ်သမား၏ Soi Wat Lat Pla Duk ရှိ နေအိမ်သို့ သွားရောက်စစ်ဆေးခဲ့ရာ သေနတ်သမား၏ အဘိုးနှင့် အဘွားဟု ယူဆရသည့် ရုပ်အလောင်း ၂ လောင်းကို ထပ်မံတွေ့ရှိခဲ့သဖြင့် သေဆုံးရသည့် အကြောင်းအရင်းကို အသေးစိတ် စုံစမ်းစစ်ဆေးလျက်ရှိသည်။
Source;Khaosod
