ထိုင်းနိုင်ငံ မြောက်ပိုင်း၊ ချင်းမိုင် (Chiang Mai) ခရိုင်၊ မယ်ရင်း (Mae Rim) မြို့နယ်ရှိ Queen Sirikit Botanic Garden အတွင်း တည်ရှိသော မဲဆာနွိုင် ရေတံခွန် (Mae Sa Noi Waterfall) ၌ အောက်တိုဘာ ၅ ရက်နေ့က ရုတ်တရက် တောင်ကျရေများ (Flash flood) စီးဝင်လာခဲ့သဖြင့် ရေကြောင်းလမ်းကြောင်းအတွင်းရှိ ပြည်သူများနှင့် ခရီးသွားများ အရေးပေါ် ဘေးလွတ်ရာသို့ ရှောင်ရှားကြရန် အာဏာပိုင်များက သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။
အောက်တိုဘာ ၅ ရက်နေ့က မယ်ရင်းမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းအပြီး မဲဆာနွိုင် ရေတံခွန်အတွင်းသို့ အရှိန်ပြင်းထန်သော တောင်ကျရေနီများ အလျင်အမြန် စီးဝင်လာခဲ့ခြင်းဖြစ်သည်။
သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် လျှော့ချရေး ဦးစီးဌာန (DDPM) ၏ ထုတ်ပြန်ချက်အရ အဆိုပါ ဧရိယာအတွင်း အောက်တိုဘာ ၅ ရက်မှ ၇ ရက်နေ့အထိ မိုးသက်လေပြင်းများနှင့် မိုးဆက်လက် ရွာသွန်းနိုင်ကြောင်း သတိပေးထားသည်။
အမျိုးသား သဘာဝဘေးအန္တရာယ် ကာကွယ်ရေး အမိန့်အတိုင်း DDPM အဖွဲ့များက ရေဘေးအခြေအနေအား ၂၄ နာရီပတ်လုံး အနီးကပ် စောင့်ကြည့်လျက်ရှိသည်။
📞 အရေးပေါ် ကူညီရေး ဖုန်းလိုင်း
ရေဘေးအန္တရာယ် သို့မဟုတ် သဘာဝဘေး ကြုံတွေ့ရသည့် ပြည်သူများအနေဖြင့် သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနှင့် လျှော့ချရေး ဦးစီးဌာန၏ အရေးပေါ် ဟော့လိုင်းဖုန်း 1784 သို့ ၂၄ နာရီပတ်လုံး ဆက်သွယ် အကူအညီ တောင်းခံနိုင်ပါသည်။
Source;Khaosod
