ဘန်ကောက်တွင် နိုဝင်ဘာ ၆ ဘုရင့်လှေလှော်ပွဲ ကြည့်ရန် နေရာ ၆ ခု၌ ထိုင်ခုံ ၇,၄၀၀ ပြင်ဆင်

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော် အုပ်ချုပ်ရေးအဖွဲ့ (BMA) သည် လာမည့် နိုဝင်ဘာ ၆ ရက်နေ့တွင် ကျောက်ဖရားမြစ်အတွင်း ကျင်းပမည့် ဘုရင့်လှေလှော် ရိုးရာပွဲတော် (Royal Barge Procession) အား လာရောက်ကြည့်ရှုမည့် ပြည်သူနှင့် ခရီးသွားများအတွက် မြစ်ဘေးနေရာ ၆ နေရာ၌ ထိုင်ခုံပေါင်း ၇,၄၀၀ ကို စီစဉ်ပြင်ဆင်ပေးထားကြောင်း ထုတ်ပြန်ကြေညာလိုက်ပါတယ်။

အဆိုပါ မဟာမင်္ဂလာ လှေလှော်ပွဲတော်သည် ထိုင်းဘုရင်မကြီး၏ အသက် ၄၈ နှစ်ပြည့် ၄ စက်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် ကျင်းပသည့် ရာဇကထိန် သင်္ကန်းကပ်လှူပွဲ မဟာမင်္ဂလာ အခမ်းအနား၏ အစိတ်အပိုင်းတစ်ခု ဖြစ်သည်။

 ကြည့်ရှုနိုင်မည့် အဓိက နေရာ ၆ ခုနှင့် ထိုင်ခုံပမာဏ

1.ရာမ ၈ တံတားအောက် (Beneath Rama VIII Bridge): ထိုင်ခုံ ၄,၀၀၀ (အများဆုံးနေရာ)

2.စန်တီချိုင်ပရာကန် ပန်းခြံ (Santichaiprakan Park): ထိုင်ခုံ ၁,၅၀၀

3.သီရိရာဇ် ဆေးရုံ ၇၂ နှစ်ပြည့် ပန်းခြံ (72nd Birthday Anniversary Park): ထိုင်ခုံ ၁,၀၀၀

4.BMA သင်ကြားရေးဗဟိုဌာန (Learning Centre): ထိုင်ခုံ ၄၀၀

5.ဝတ်ရခေါင်း ခေါစီတာရမ် (Wat Rakhang Khositaram): ထိုင်ခုံ ၃၀၀

6.ဆုမ်ဒတ် ဖရာ့ပင်းကလောင်း တံတား (Beneath Somdet Phra Pinklao Bridge): ထိုင်ခုံ ၂၀၀

တိုက်ရိုက်ထုတ်လွှင့်မှု LED စခရင်များနှင့် ပြင်ဆင်မှုများ

BMA သည် မြစ်တစ်လျှောက်တွင် ပြည်သူများ ကြည့်ရှုနိုင်ရန် LED စခရင်ကြီး ၅ ခုကိုလည်း တပ်ဆင်ထားမည်ဖြစ်သည်။

-စန်တီချိုင်ပရာကန် ပန်းခြံ: ၂ ခု

-သီရိရာဇ် ဆေးရုံ (Sathan Phimuk Garden): ၁ ခု

-ထိုင်းရေတပ် ကွန်ဗင်းရှင်းဟော (Tassanaphirom Plaza): ၁ ခု

-ရာမ ၈ တံတား (သွန်ဘူရီဘက်ကမ်း): ၁ ခု

ထို့ပြင် ဘန်ကောက် ဒုတိယမြို့တော်ဝန် Wisanu Subsompon ၏ အောက်တိုဘာ ၂ ရက် စစ်ဆေးမှုများအရ မြစ်ကမ်းပါးတစ်လျှောက်တွင် အမျိုးသားအလံများနှင့် ဘုရင့်အမှတ်တံဆိပ် အလံများ တန်းဆာဆင်ခြင်း၊ မြစ်အတွင်းရှိ ဗေဒါနှင့် အမှိုက်သရိုက်များ ရှင်းလင်းခြင်းနှင့် လှေလှော်လမ်းကြောင်းအတွင်း ရေမှော်များ မဝင်ရောက်နိုင်ရန် ဗောသီးများကို တပ်ဆင်ခြင်းတို့ကို စနစ်တကျ ပြင်ဆင်လျက် ရှိပါတယ်။

Source;Khaosod