ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများသည် ၎င်းတို့၏ လုပ်ခလစာ ငွေလွှဲပြောင်းမှု အများစုကို တရားဝင် ဘဏ်စနစ်များထက် တရားမဝင် Hundi ပွဲစားများမှတစ်ဆင့်သာ ဆက်လက် ပေးပို့နေကြဆဲ ဖြစ်ကြောင်း မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) ၏ အစီရင်ခံစာသစ်တွင် ဖော်ပြထားပါတယ်။
IOM ၏ ၂၀၂၄ ခုနှစ် စာရင်းအရ ထိုင်းရောက် မြန်မာငွေလွှဲသူ ၉၃% သည် တရားမဝင် လမ်းကြောင်းများကို အသုံးပြုကြပြီး ယင်းအနက် ၆၀% မှာ ဟွန်ဒီစနစ်ကို အသုံးပြုကြသည်။ မြန်မာနိုင်ငံသို့ ဝင်ရောက်သည့် တရားမဝင် ငွေလွှဲမှု၏ ၆၈% မှာ ထိုင်းနိုင်ငံမှ လာခြင်းဖြစ်သည်။
Hundi ကြောင့် မြန်မာနိုင်ငံ ဗဟိုဘဏ်ထံ နိုင်ငံခြားငွေ မရောက်ရှိသည့်အပြင် ထိုင်းနိုင်ငံအတွက်လည်း နယ်စပ်တစ်လျှောက် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုဆိုင်ရာ ငွေကြေး ထောက်ပံ့မှု အန္တရာယ်များကို မြင့်တက်စေသည်။
Digital Wallet များတွင် ဝန်ဆောင်ခ တောင်းသော်လည်း ပတ်စ်ပို့၊ Work Permit စသည့် တရားဝင် အထောက်အထား ရှိသူများသာ သုံးနိုင်သဖြင့် အထောက်အထားမဲ့ အလုပ်သမားများ Hundiကိုသာ အားကိုးနေရခြင်းဖြစ်သည်။
MoU အလုပ်သမားများကို စင်ကာပူ ကဲ့သို့ ဘဏ်အကောင့်ထဲ လစာ တိုက်ရိုက်ထည့်ပေးရန်၊ ပန်းရောင်ကတ် ရရှိထားသူများကို တရားဝင် အထောက်အထား အမြန်ထုတ်ပေးရန်၊ မြန်မာအစိုးရ၏ ၂၅% လွှဲငွေ စည်းမျဉ်းတွင် ပြင်ပ ပေါက်ဈေးနှင့် နီးစပ်သော လဲလှယ်နှုန်းထား ထားရှိပေးရန်နှင့် မဲဆောက်-မြဝတီ နယ်စပ်တွင် ဘတ်-ကျပ် တိုက်ရိုက် ငွေလွှဲစနစ် စမ်းသပ်ဆောင်ရွက်ရန် အကြံပြုထားသည်။
Source;ThaiPBS
