ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအာဏာပိုင်အဖွဲ့ (MEA) က လျှပ်စစ်ဖြန့်ဖြူးမှုစနစ် ပိုမိုကောင်းမွန်လာစေရန် ပြုပြင်ထိန်းသိမ်းခြင်းနှင့် မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်သောကြောင့် လာမည့် ၂၀၂၆ ခုနှစ်၊ မေလ ၂၅ ရက် (တနင်္လာနေ့) တွင် ဘန်ကောက်ရှိ ဒေသအချို့၌ လျှပ်စစ်မီး ယာယီဖြတ်တောက်သွားမည်ဖြစ်ကြောင်း အများပြည်သူ ဘေးကင်းလုံခြုံစေရန်အတွက် ကြိုတင်ထုတ်ပြန်ကြေညာထားပါတယ်။
မေလ ၂၅ ရက်တွင် လျှပ်စစ်မီးခေတ္တပြတ်တောက်မည့် လမ်းများနှင့် အချိန်အပိုင်းအခြားများမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။
📍 မီးဖြတ်တောက်မည့် ဒေသများနှင့် အချိန်ဇယား
▫️Maha Sawat လမ်း၊ Soi 6 အပိုင်း: နံနက် ၀၉:၀၀ နာရီမှ မွန်းလွဲ ၁၃:၀၀ နာရီအထိ (လမ်းကြား၏ အဆုံးပိုင်းတွင်သာ မီးဖြတ်ပါမည်)။
▫️Pracha Samran လမ်း၊ Soi Saen Suk အပိုင်း: (Sri Mahawong Resort အနီး) နံနက် ၀၉:၀၀ နာရီမှ မွန်းလွဲ ၁၅:၀၀ နာရီအထိ။
▫️Watcharaphon လမ်း၊ Soi Watcharaphon 1/10 အပိုင်း: (Setthasiri ကျေးရွာအတွင်း) နံနက် ၀၉:၀၀ နာရီမှ မွန်းလွဲ ၁၅:၀၀ နာရီအထိ။
▫️Nimit Mai လမ်း၊ Soi Nimit Mai 27 အပိုင်း: နှင့် ယင်းအနီးပတ်ဝန်းကျင်နေရာများတွင် နံနက် ၀၉:၀၀ နာရီမှ မွန်းလွဲ ၁၅:၃၀ နာရီအထိ။
▫️Khlong Bang Kwang တစ်လျှောက် လမ်းများ: လျှပ်စစ်လိုင်းများနှင့် မလွတ်ကင်းသည့် သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းမည်ဖြစ်၍ (Tree trimming) နံနက် ၀၉:၀၀ နာရီမှ ညနေ ၁၆:၀၀ နာရီအထိ မီးဖြတ်တောက်ထားပါမည်။
ဒီသတင်းဟာ ဘန်ကောက်မြို့မှာ နေထိုင်ကြတဲ့ အထူးသဖြင့် အထက်ဖော်ပြပါ လမ်းပတ်ဝန်းကျင်တွေမှာရှိတဲ့ စက်ရုံ၊ အလုပ်ရုံ၊ အိမ်ခန်းနဲ့ ကွန်ဒိုတွေမှာ နေထိုင်ကြတဲ့ မြန်မာလုပ်သားတွေနဲ့ လုပ်ငန်းရှင်တွေအတွက် ကြိုတင်ပြင်ဆင်ထားသင့်တဲ့ သတင်းဖြစ်ပါတယ်။
Source;Thiarath
