ဘန်ကောက်တွင် အဆီထုတ်မှု အဆင်မပြေဘဲ ဗိုက်ပြင်ပျက်စီးခဲ့ရသဖြင့် တရားစွဲရန် ကြိုးပမ်းမှုကို ဆေးခန်းဘက်မှ ငြင်းဆို

ဘန်ကောက်၊ ဩဂုတ် ၅ (၂၀၂၆) – ဘန်ကောက်မြို့ရှိ အလှအပဆေးခန်းတစ်ခုတွင် Six-pack ရရှိရန် အဆီထုတ်ခွဲစိတ်မှု (Liposuction) ပြုလုပ်ခဲ့သော်လည်း ရလဒ်မှာ စစ်ဆေးမရဘဲ ဝမ်းဗိုက် အသားအရေ တွန့်ခေါက် ပျက်စီးသွားခဲ့သဖြင့် အသက် ၄၄ နှစ်အရွယ် အမျိုးသမီးတစ်ဦးက အကူအညီတောင်းခံကာ ဥပဒေအရ အရေးယူရန် ပြင်ဆင်နေပါတယ်။
မယင်း (Ying) ဆိုသူ အမျိုးသမီးသည် လူမှုကွန်ရက်တွင် ဘတ် ၃၉,၉၉၉ ဖြင့် Six-pack အဆီထုတ်ပေးမည်ဆိုသည့် ပရိုမိုးရှင်းကို တွေ့ရှိ၍ သွားရောက်ခဲ့သော်လည်း၊ ခွဲစိတ်ခန်း ဝင်ခါနီးတွင် ထပ်မံ မပြုလုပ်ပါက ဗိုက်ပျော့တွဲကျကျန်ခဲ့မည်ဟု ပြောဆိုသဖြင့် ဘတ် ၇၀,၀၀၀ ထပ်မံ ပေးခဲ့ရပြီး စုစုပေါင်း ဘတ် ၁၀၀,၀၀၀ ကျော် ကုန်ကျခဲ့သည်။
ခွဲစိတ်ပြီးနောက် Promised Six-pack မရရှိသည့်အပြင် ဝမ်းဗိုက် ကြွက်သားများ မညီမညာဖြစ်ကာ အသားအရေများ တွန့်ခေါက် ပျက်စီးသွားခဲ့သည်။ အခြားဆေးခန်းတစ်ခုသို့ သွားရောက်ပြသရာ ပြန်လည်ပြင်ဆင်ရန် ဘတ် ၃၀၀,၀၀၀ ခန့် ထပ်မံကုန်ကျမည်ဟု သိရသည်။
အမျိုးသမီးက ရှေ့နေနှင့်အတူ သွားရောက် လျှော်ကြေးတောင်းခံခဲ့သော်လည်း ဆရာဝန်က ခွဲစိတ်မှု ရလဒ်ကောင်းမွန်ကြောင်းနှင့် သဘောတူစာချုပ် လက်မှတ်ထိုးထားပြီးဖြစ်ကြောင်း ငြင်းဆိုခဲ့သည်။ မကျေနပ်၍ ရေးသားသည့် Review များကိုလည်း ဖျက်ပစ်ခဲ့သည်။
Saimai Survive ဖောင်ဒေးရှင်းက အဆိုပါ အမှုအား စာသုံးသူ ကာကွယ်ရေး ဘုတ်အဖွဲ့ (OCPB)၊ ကျန်းမာရေး ဝန်ဆောင်မှု အထောက်အကူပြု ဦးစီးဌာနနှင့် ထိုင်းဆေးကောင်စီတို့ထံ တိုင်ကြားမည်ဖြစ်ပြီး ဆေးခန်းနှင့် ဆရာဝန်၏ လိုင်စင်များကိုပါ စစ်ဆေးပေးရန် တောင်းဆိုသွားမည်ဖြစ်သည်။

Source;Thaiger