ထိုင်းနိုင်ငံတောင်ပိုင်း ရာလာခရိုင်၊ ယာဟာမြို့နယ်၊ ပတေး (Pattae) ကျေးရွာအုပ်စု စေတနာ့ဝန်ထမ်း ဒေသန္တရအဖွဲ့၏ ဘတ်ဂျက်အစည်းအဝေး မှတ်တမ်းဓာတ်ပုံတစ်ပုံတွင် အမျိုးသမီးအရာရှိတစ်ဦး၏ အလှပြင်ခြယ်သထားမှု ထင်ရှားပေါ်လွင်နေသဖြင့် လူမှုကွန်ရက်တွင် ရေပန်းစားခဲ့ပါတယ်။
၂၀၂၇ ဘဏ္ဍာရေးနှစ် ဘတ်ဂျက်ဥပဒေနှင့် ၂၀၂၇-၂၀၂၉ သုံးနှစ်စာ လုပ်သားအင်အား စီမံကိန်း အစည်းအဝေးမှတ်တမ်းအဖြစ် ဩဂုတ်လ ၃ ရက်နေ့က တရားဝင် တင်ခဲ့ခြင်းဖြစ်သည်။
ပုံမှန် ရုံးလုပ်ငန်းဆိုင်ရာ ပို့စ်ဖြစ်သော်လည်း အဖွဲ့အစည်း၏ အုပ်ချုပ်ရေးမှူး အမျိုးသမီးအရာရှိ၏ မိတ်ကပ် အပြည့်ဖြင့် လှပသပ်ရပ်နေသည့် ရုပ်သွင်မှာ အခြားသူများထက် အလွန်ပေါ်လွင်နေသဖြင့် အင်တာနက်အသုံးပြုသူများအကြား ရုတ်တရက် ရေပန်းစားသွားခဲ့သည်။
အဆိုပါ အမျိုးသမီးအရာရှိက ဓာတ်ပုံ၏ အောက်တွင် “ဓာတ်ပုံကို ပြင်ဆင်ထားတာ သတိထားမိတဲ့သူတွေ အရမ်းတော်ကြပါတယ်၊ မကြာသေးမီက အလုပ်တွေ အရမ်းရှုပ်လို့ ဖြစ်နေတဲ့ အရေးအကြောင်းတွေကို ဖုံးကွယ်ဖို့ ဓာတ်ပုံကို အလင်းမြှင့်ထားတာပါ” ဟု စာရေးသားကာ ပေါ့ပေါ့ပါးပါး ပြန်လည်တုံ့ပြန်ခဲ့သည်။
သူမ၏ စိတ်သဘောထားပြည့်ဝပြီး ဟာသဉာဏ်ရှိသည့် ပြန်လည်တုံ့ပြန်မှုကြောင့် အွန်လိုင်းသုံးစွဲသူများ၏ ချီးကျူးမှုကို ပိုမိုရရှိခဲ့သည်။
Source;Khaosod
