လူ ၈ ဦး သေဆုံးခဲ့ရသည့် ဘန်ကောက်မြို့Asok-Din Daeng လမ်းဆုံ ရထားနှင့် ဘတ်စ်ကား တိုက်မှုဖြစ်စဉ်တွင် ရထားမောင်းသူမှာ ပေါ့ဆမှုရှိခဲ့သည့်အပြင် ဆေးစစ်ချက်တွင် မူးယစ်ဆေးသုံးစွဲထားကြောင်း (Positive) ထွက်ရှိခဲ့ကြောင်း ထိုင်းပို့ဆောင်ရေးဝန်ကြီးဌာနက ၂၀၂၆ ခုနှစ်၊ မေလ ၂၁ ရက် လွှတ်တော်အစည်းအဝေး၌ ဝန်ခံပြောကြားလိုက်ပါတယ်ဗျာ။
ထိုင်းနိုင်ငံပိုင်ရထားလုပ်ငန်း (SRT) က အဆိုပါ ပေါ့ဆမှုရှိသော ရထားမောင်းသူကို အလုပ်မှ ချက်ချင်းထုတ်ပယ်လိုက်ပြီး စုံစမ်းစစ်ဆေးရေးကော်မတီ ဖွဲ့စည်းထားပါတယ်။ပုံမှန်အားဖြင့် ညဘက်သာ မောင်းနှင်ရမည့် အဆိုပါကုန်တင်ရထားသည် မေလ ၁၅ ရက်ကတည်းက ထွက်ခွာရမှာ ဖြစ်သော်လည်း ၁၅ နာရီကြာ စံချိန်တင် နောက်ကျ (Delay) ခဲ့ရခြင်းကြောင့် လူစည်ကားရာ နေ့ခင်းဘက်တွင် လမ်းပေါ်သို့ ရောက်ရှိလာပြီး ယခုလို အဖြစ်ဆိုးနှင့် ကြုံတွေ့ခဲ့ရခြင်း ဖြစ်ပါတယ်။
ယခုဖြစ်စဉ်ကြောင့် ပို့ဆောင်ရေးဝန်ကြီးဌာနက ထိုင်းတစ်နိုင်ငံလုံးရှိ အများပြည်သူသယ်ယူပို့ဆောင်ရေး (Public Transport) ဝန်ထမ်းအားလုံးကို မူးယစ်ဆေးဝါး ကွင်းဆင်းစစ်ဆေးမှု (Blanket Testing) အပြည့်အဝ ပြုလုပ်ရန် အမိန့်ပေးလိုက်ပြီး၊ ကနဦးတွင် မူးယစ်ဆေးသုံးစွဲထားသည့် အခြားယာဉ်မောင်းအချို့ကိုပါ ထပ်မံဖော်ထုတ်ရရှိထားတယ်လို့ ဆိုပါတယ်။

အာဏာပိုင်များက ဒဏ်ရာရရှိသူများကို ဘတ် ၁၃၀,၀၀၀ မှ ၁ သန်းအထိ လည်းကောင်း၊ သေဆုံးသူများ၏ မိသားစုများကို တစ်ဦးလျှင် ဘတ် ၂.၃၉ သန်းစီ လည်းကောင်း လျော်ကြေးငွေ ပေးအပ်သွားမှာ ဖြစ်ပါတယ်။
ထိုင်းအစိုးရအနေဖြင့် ရေတိုတွင် ရထားအချက်ပြစနစ်များကို မြို့တော်စည်ပင်၊ ယာဉ်ထိန်းရဲများနှင့် ချိတ်ဆက်သွားမည်ဖြစ်ပြီး၊ ရေရှည်စီမံကိန်းအဖြစ် ဘန်ကောက်မြို့တွင်းရှိ ရထားလမ်းကြောင်းအားလုံးကို မြေအောက် သို့မဟုတ် အထက်မြင့် လေသာလမ်းကြောင်း (Fully elevated tracks) များအဖြစ် ပြောင်းလဲကာ မြေပြင်လမ်းမများကို မော်တော်ယာဉ်များအတွက်သာ သီးသန့်ချန်ထားရန် စီစဉ်နေပါတယ်။
Source; Thaiger
