ထိုင်းနိုင်ငံအစိုးရသည် နိုင်ငံခြားသား ကမ္ဘာလှည့်ခရီးသည်များထံမှ ကောက်ခံမည့် “လေဆိပ်ဆင်းသက်ခ (Landing Fee)”ကို ယခင်လျာထားသည့် ဘတ် ၃၀၀ ထက် ပိုမိုတိုးမြှင့်ကောက်ခံရန် စဉ်းစားနေပြီး၊ အဆိုပါအခကြေးငွေတွင် ခရီးသည်များအတွက် ပရီမီယံ အာမခံ (Premium Insurance) ပါဝင်မည့် စနစ်သစ်တစ်ခုကို ၂၀၂၆ ခုနှစ်၊ မေလ ၂၁ ရက် တွင် အပြီးသတ်ညှိနှိုင်းနေပါတယ်ဗျာ။
အခကြေးငွေကို ဘတ် ၃၀၀ ထက် တိုးမြှင့်ရခြင်းမှာ ခရီးသည်များ ထိုင်းနိုင်ငံသို့ ရောက်ရှိသည်နှင့် မတော်တဆမှု သို့မဟုတ် ကျန်းမာရေးကိစ္စများအတွက် ထိုင်းနိုင်ငံရှိ ထိပ်တန်း ပုဂ္ဂလိကဆေးရုံကြီးများ (Leading private hospitals) တွင် ချက်ချင်းဆေးကုသမှု ခံယူနိုင်ခွင့် အာမခံချက် ပေးအပ်လိုသောကြောင့် ဖြစ်ပါတယ်။
လေယာဉ်လက်မှတ်ခနှင့်အတူ တစ်ခါတည်း ကောက်ခံခြင်း ဖြစ်ပါတယ်။ ခရီးသည်အတွက် အဆင်ပြေဆုံးဖြစ်သော်လည်း လေကြောင်းလိုင်းများက ထိုင်းနိုင်ငံသားနှင့် နိုင်ငံခြားသား ခွဲခြားရန် ခက်ခဲသဖြင့် ထိုင်းနိုင်ငံသားများအတွက် ငွေပြန်အမ်းပေးမည့် Refund Application (ဆော့ဖ်ဝဲ) တစ်ခုကို ဖန်တီးရမည် ဖြစ်ပါတယ်။
လူဝင်မှုကြီးကြပ်ရေးစနစ် သို့မဟုတ် အွန်လိုင်းစနစ်ဖြင့် ထိုင်းနိုင်ငံအတွင်း မဝင်ရောက်မီ အီလက်ထရွန်နစ်စနစ်ဖြင့် ကြိုတင်ကောက်ခံခြင်း ဖြစ်ပါတယ်။ ဗီဇာအမျိုးအစား ခွဲခြားရလွယ်ကူသော်လည်း ခရီးသည်များအတွက် လုပ်ငန်းစဉ် ပိုများသွားနိုင်ပါတယ်။
Source; Khaosod
