ဘန်ကောက်  Ramkhamhaengရှိ ကွန်ဒိုတစ်ခုတွင် အသက် ၃၆ နှစ်အရွယ် အမျိုးသားတစ်ဦး ပြုတ်ကျသေဆုံး

ဘန်ကောက်မြို့၊ Suan Luan ခရိုင်၊ Ramkhamhaeng လမ်းသွယ် ၃/၁ ရှိ ကွန်ဒိုမီနီယံတစ်ခု၌ ဇူလိုင်လ ၄ ရက် (ယနေ့) နံနက် ၈:၃၀ နာရီဝန်းကျင်က အသက် ၃၆ နှစ်အရွယ် အမျိုးသားတစ်ဦး အထပ်မြင့်ပေါ်မှ ပြုတ်ကျသေဆုံးမှု ဖြစ်ပွားခဲ့ပါတယ်။

ဟူအာမတ် (Hua Mak) ရဲစခန်းမှ ရဲမှူး ဆဟာရတ် (Pol. Maj. Saharat Luangsiritanasin) နှင့်အဖွဲ့ သတင်းရရှိ၍ သွားရောက်စစ်ဆေးရာ ကွန်ဒိုမြေပြင်ပေါ်တွင် အပြာရောင်အင်္ကျီနှင့် ဘောင်းဘီအနီရောင် ဝတ်ဆင်ထားသည့် အသက် ၃၆ နှစ်အရွယ် အမျိုးသားတစ်ဦး သွေးအိုင်ထဲတွင် မှောက်လျက် အသက်သေဆုံးနေသည်ကို တွေ့ရှိခဲ့ရသည်။

အခင်းဖြစ်နေရာအနီး သန့်ရှင်းရေးလုပ်နေသည့် ဝန်ထမ်းတစ်ဦးက အထပ်မြင့်ပေါ်မှ ပစ္စည်းတစ်ခုခု ပြုတ်ကျလာသလို အသံအကျယ်ကြီး ကြားရသဖြင့် သွားရောက်ကြည့်ရှုရာမှ သေဆုံးသူကို တွေ့ရှိခဲ့ပြီး ကွန်ဒိုတာဝန်ရှိသူများမှတစ်ဆင့် ရဲတပ်ဖွဲ့နှင့် လူနာတင်ယာဉ်ကို အကြောင်းကြားခဲ့ခြင်း ဖြစ်သည်။

သေဆုံးသူ၏ မိခင်ဖြစ်သူအား ရဲတပ်ဖွဲ့က ပဏာမမေးမြန်း စစ်ဆေးချက်အရ သေဆုံးသူအမျိုးသားသည် စိတ်ကျရောဂါ (Depression) ဝေဒနာ ခံစားနေရသူဖြစ်ကြောင်း သိရှိရသည်။

လက်ရှိတွင် ရဲတပ်ဖွဲ့က သေဆုံးရသည့် အကြောင်းရင်းမှန်ကို တိကျစွာသိရှိနိုင်ရန် မှုခင်းဆရာဝန်များ၊ သက်သေခံအထောက်အထား စုဆောင်းရေးအဖွဲ့ (Forensic Police) တို့နှင့် ညှိနှိုင်းကာ ရုပ်အလောင်းကို ခွဲစိတ်ဆင်ခြင်စစ်ဆေးရန် ပို့ဆောင်ထားပါတယ်။

Source;Matichon