မယ်တော်ကြီး သီရိခေတ်၏ တော်ဝင်မီးသင်္ဂြိုဟ်ပွဲအတွက် ဒီဇင်ဘာ ၁၆ ရက်အား ထိုင်းအစိုးရက အထူးရုံးပိတ်ရက်အဖြစ် ကြေညာ

မယ်တော်ကြီး သီရိခေတ် (Her Majesty Queen Sirikit The Queen Mother) ၏ တော်ဝင်မီးသင်္ဂြိုဟ်ပွဲအခမ်းအနားသို့ ပြည်သူများ ပါဝင်ဆုတောင်း အလေးပြုနိုင်ရန်အတွက် လာမည့် ဒီဇင်ဘာ ၁၆ ရက်နေ့အား အထူးအစိုးရရုံးပိတ်ရက်အဖြစ် ထိုင်းအစိုးရအဖွဲ့ က သတ်မှတ်ကြေညာလိုက်ကြောင်း သတင်းရရှိပါတယ်။

အဆိုပါ ဆုံးဖြတ်ချက်ကို နိုဝင်ဘာ ၁၀ ရက်တွင် ကျင်းပသည့် အစိုးရအဖွဲ့ အစည်းအဝေး၌ အတည်ပြုခဲ့ခြင်းဖြစ်သည်။

၅ ရက်ကြာ ကျင်းပမည့် တော်ဝင်မဟာမင်္ဂလာ အခမ်းအနားကို ဒီဇင်ဘာ ၁၅ ရက်မှ ၁၉ ရက်အထိ ဘန်ကောက်မြို့ နန်းတော်ကြီး (Grand Palace) နှင့် စနမ်လွမ် (Sanam Luang) ကွင်းပြင်တို့တွင် ကျင်းပသွားမည် ဖြစ်သည်။

-ဒီဇင်ဘာ ၁၅ ရက်နှင့် ၁၈ ရက်: တော်ဝင်ကုသိုလ်တော်ပြု အခမ်းအနားများ ကျင်းပမည်။

-ဒီဇင်ဘာ ၁၆ ရက် (အဓိက အခမ်းအနား): နံနက် ၇:၀၀ နာရီတွင် တော်ဝင်ဓာတ်တော်စုတ် (Royal Urn) အား စိတကဓါတုပူဇော်ရာ တော်ဝင်မီးသင်္ဂြိုဟ်စက်သို့ တော်ဝင်လှည့်လည်ပွဲ စေတီယာဉ်ဖြင့် စီတန်းလှည့်လည် ပို့ဆောင်မည်ဖြစ်ပြီး၊ မွန်းလွဲ ၄:၃၀ နာရီတွင် အဓိက မီးသင်္ဂြိုဟ်ခြင်း အခမ်းအနားကို ကျင်းပမည်ဖြစ်သည်။

-ဒီဇင်ဘာ ၁၇ ရက်: တော်ဝင်အရိုးဓာတ်တော်များကို သိမ်းဆည်းသည့် အခမ်းအနား ကျင်းပမည်။

-ဒီဇင်ဘာ ၁၉ ရက်: နောက်ဆက်တွဲ တော်ဝင်ဘာသာရေး အခမ်းအနားများဖြင့် ရုပ်သိမ်းမည် ဖြစ်သည်။

အခမ်းအနားကျင်းပသည့် ၅ ရက်လုံးတွင် တိုက်ရိုက်ထုတ်လွှင့်ခွင့်ကို ထိုင်းပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် Television Pool of Thailand တို့အား အာဏာပိုင်များက ခွင့်ပြုပေးထားပါတယ်။

Source;Thaiger