ကန်ချနပူရီတွင် ၁၅ နှစ်အရွယ် သမီးဖြစ်သူအား ရေနွေးပူဖြင့် လောင်းခဲ့သည့် မြန်မာမိခင် ဖမ်းဆီးခံရ

ထိုင်းနိုင်ငံ၊ ကန်ချနပူရီပြည်နယ်၊ ထောင်းဖာဖူးမ်မြို့နယ်၌ အသက် ၁၅ နှစ်အရွယ် သမီးဖြစ်သူက ဆေးသောက်ရန် ဝက်သား ၂ တုံး စားမိသည်ကို ဒေါသထွက်ကာ တိုင်တွင် ကြိုးတုတ်၍ ရေနွေးပူဖြင့် လောင်းခဲ့သည့် မိခင်ဖြစ်သူ မြန်မာအမျိုးသမီးအား ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

ဇူလိုင် ၁၇ ရက်က မိခင်ဖြစ်သူ မကေအို (အသက် ၃၂ နှစ်) သည် အိမ်ရှိ ဝက်သား ၂ တုံး စားလိုက်သည့် သမီးဖြစ်သူအား ဒေါသတကြီးဖြင့် လက်/ခြေကို အိမ်တိုင်တွင် တုတ်နှောင်ကာ ဂုတ်မှ ကျောကုန်းတစ်ခုလုံးကို ရေနွေးပူဖြင့် လောင်းချခဲ့ခြင်းဖြစ်သည်။

ရက်အနည်းငယ်အကြာတွင် ဆွေမျိုးများက ဒဏ်ရာများကို တွေ့ရှိ၍ ထောင်းဖာဖူးမ် ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ပေးခဲ့သည်။ လက်ရှိတွင် ပိုးမဝင်စေရန် ကျောကုန်းဒဏ်ရာများကို ခွဲစိတ်ကုသရန် ပြင်ဆင်နေသည်။

ထောင်းဖာဖူးမ် ရဲစခန်းက မိခင်ဖြစ်သူအား တရားမဝင် ခိုးဝင်မှုဖြင့် စတင်ဖမ်းဆီးထားပြီး ကလေးသူငယ် အကြမ်းဖက်မှု ပုဒ်မများဖြင့် ထပ်မံ တရားစွဲဆိုသွားမည်ဖြစ်သည်။ ကလေးငယ်အား ဆေးရုံမှဆင်းပါက ကလေးသူငယ် စောင့်ရှောက်ရေးဂေဟာသို့ လွှဲပြောင်းစောင့်ရှောက်ပေးသွားမည်ဖြစ်သည်။

Source;MGROnline