ကမ္ဘာ့အကြီးဆုံး ခရစ်ပတို ငွေလဲလှယ်ရေး စက်ရုံဖြစ်သော Binance ၌ သံသယဖြစ်ဖွယ် ပုံမှန်မဟုတ်သော ငွေလွှဲပြောင်းမှုများ ဖြစ်ပွားခဲ့ပြီးနောက် ဒေါ်လာ ၃ ဘီလီယံ (ဘတ် ၉၇.၅ ဘီလီယံခန့်) အား ထိန်းချုပ်ဆိုင်းငံ့ထားကြောင်း ကြေညာခဲ့သလို၊ ထိုင်းနိုင်ငံရှိ Binance TH ကလည်း လုံခြုံရေး စစ်ဆေးမှုများပြုလုပ်ရန် ငွေသွင်း/ငွေထုတ် ဝန်ဆောင်မှုများကို ခေတ္တဆိုင်းငံ့လိုက်ပါတယ်။
ကနဦး စာရင်းများအရ ယခုဖြစ်စဉ်နှင့် ဆက်စပ်နေသော သံသယဖြစ်ဖွယ် ပမာဏမှာ ဒေါ်လာ ၅.၆၁၃ ဘီလီယံ (ဘတ် ၁၈၂ ဘီလီယံကျော်) ခန့်ရှိပြီး သမိုင်းတလျှောက် အကြီးမားဆုံး ခရစ်ပတို ခိုးယူခံရမှု ဖြစ်လာနိုင်ကြောင်း Chainalysis က သုံးသပ်ထားသည်။
Binance သည် တရားဥပဒေစိုးမိုးရေး အဖွဲ့အစည်းများ၊ ထုတ်ဝေသူများနှင့် ပူးပေါင်း၍ ဒေါ်လာ ၃ ဘီလီယံကို ထိန်းချုပ်ထားနိုင်ခဲ့သည်။ ထို့အပြင် Tether က ဒေါ်လာ ၁.၅၇ ဘီလီယံ၊ Circle က ဒေါ်လာသန်း ၈၀၀ ကျော်၊ Ripple က ဒေါ်လာသန်း ၂၀၀ ခန့်နှင့် World Liberty Financial (ဒေါ်နယ်ထရမ့် မိသားစုနှင့် ဆက်စပ်အဖွဲ့) က ဒေါ်လာ ၂၉ သန်းခန့်အသီးသီး Freeze လုပ်ထားကြသည်။
Binance ပူးတွဲတည်ထောင်သူ Yi He က ဟက်ခ်ခံရမှုကြောင့် ဖြစ်ပေါ်လာသမျှ ဆုံးရှုံးမှု အားလုံးကို Binance ၏ SAFU (Users အတွက် အရေးပေါ် ရန်ပုံငွေ) မှ ရာနှုန်းပြည့် လျှော်ကြေးပေး တာဝန်ယူသွားမည်ဖြစ်ပြီး အသုံးပြုသူများ၏ ရန်ပုံငွေများ ဘေးကင်းကြောင်း ပြောကြားခဲ့သည်။
Gulf Binance (Binance TH) ၏ ထုတ်ပြန်ချက်အရ ထိုင်းသုံးစွဲသူများ၏ Digital Assets များကို မူလ Binance ဝဘ်ဆိုက်နှင့် သီးခြားခွဲထုတ်ထားသော Cold Wallets များတွင် သိမ်းဆည်းထားသဖြင့် သုံးစွဲသူများ၏ ပိုင်ဆိုင်မှုများ ရာနှုန်းပြည့် ဘေးကင်းကြောင်းနှင့် စစ်ဆေးမှုပြီးပါက ငွေသွင်း/ငွေထုတ် ပြန်ဖွင့်ပေးမည်ဟု အသိပေးထားသည်။
သတင်း ထွက်ပေါ်လာပြီးနောက် Bitcoin (BTC) စျေးမှာ ၂ ရာခိုင်နှုန်းခန့် ကျဆင်းကာ ၇၇,၆၄၆ ဒေါ်လာသို့ ရောက်ရှိခဲ့သလို၊ Ether (ETH) သည် ချက်ချင်း ကျဆင်းခဲ့ပြီး Binance ၏ BNB Token မှာ ၈ ရာခိုင်နှုန်းကျော်အထိ ထိုးဆင်းသွားခဲ့သည်။
Binance က သုံးစွဲသူများအား အကောင့် အချက်အလက်များ လိမ်လည်တောင်းယူမည့် Scammer များကို သတိပြုကြရန်နှင့် တရားဝင် ထုတ်ပြန်ချက်များကိုသာ စောင့်ကြည့်ကြရန် သတိပေးထားပါတယ်။
Source;The Nation
