ရနောင်းတွင် ဧည့်စာရင်း မတိုင်သည့် အိမ်ပိုင်ရှင်နှင့် မြန်မာလုပ်သားတို့ ဒဏ်ရိုက်ခံရ

ရနောင်းခရိုင် လူဝင်မှုကြီးကြပ်ရေး တပ်ဖွဲ့ဝင်များသည် ဩဂုတ် ၁၀ ရက် နံနက် ၁၁:၃၀ နာရီခန့်က ရနောင်းမြို့နယ်၊ ပက်နမ် (Pak Nam) ကျေးရွာအတွင်း တရားမဝင် နေထိုင်သူများအား စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဧည့်စာရင်း မတိုင်သည့် ထိုင်းအိမ်ပိုင်ရှင်နှင့် ၉၀ ရက် အကြောင်းမကြားသည့် မြန်မာနိုင်ငံသားတစ်ဦးတို့အား ဒဏ်ရိုက် အရေးယူခဲ့ပါတယ်။
လဝက ရဲတပ်ဖွဲ့သည် နိုင်ငံခြားသား ၂၁ ဦးအား စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ဥပဒေပါ မပါဝင်သည့် စည်းကမ်းဖောက်ဖျက်သူ ၂ ဦးကို ဒဏ်ငွေရိုက် အရေးယူခဲ့သည်။
အသက် ၇၄ နှစ်အရွယ် ထိုင်းအမျိုးသား အိမ်ပိုင်ရှင်အား ၁၉၇၉ ခုနှစ် လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ ပုဒ်မ ၃၈ အရ “နိုင်ငံခြားသားများအား လက်ခံနေထိုင်စေပြီး လဝက အရာရှိများထံ အကြောင်းမကြားမှု” ဖြင့် ဘတ် ၃,၂၀၀ ဒဏ်ငွေ ရိုက်ခဲ့သည်။
အသက် ၄၆ နှစ်အရွယ် မြန်မာအမျိုးသားအား “နိုင်ငံခြားသား တစ်ဦးအဖြစ် နေထိုင်ခွင့် ၉၀ ရက်ထက်ကျော်လွန်၍ နေရပ်လိပ်စာ အကြောင်းမကြားမှု” ဖြင့် ဘတ် ၄,၀၀၀ ဒဏ်ငွေ ရိုက်ခဲ့သည်။
ရနောင်းခရိုင် လဝက အာဏာပိုင်များက ဒေသတွင်းရှိ ပြည်သူများနှင့် ရွှေ့ပြောင်းလုပ်သားများအနေဖြင့် ၁၉၇၉ ခုနှစ် လူဝင်မှုကြီးကြပ်ရေး အက်ဥပဒေ (ပုဒ်မ ၃၇ နှင့် ၃၈) ပါ စည်းကမ်းချက်များကို တိကျစွာ လိုက်နာကြရန် ထပ်မံ အသိပေးထားသည်။

Source;ตรวจคนเข้าเมืองจังหวัดระนอง ตม.จว.ระนอง