ဘန်ကောက် ရထားနှင့် ဘတ်စကား တိုက်မိမှုဖြစ်စဉ်တွင် ယာဉ်မောင်းများကို လူသေစေမှုဖြင့် တရားစွဲဆို

ဟွေခွမ် (Huai Khwang) ရဲစခန်းက အမှုဖွင့်လိုက်တဲ့ တရားခံနှစ်ဦးကတော့ လိုင်းကားနံပါတ် ၂၀၆ ရဲ့ ဒရိုင်ဘာဖြစ်သူ အသက် ၄၆ နှစ်အရွယ် Sayomporn Suankul နဲ့ လာင်ချာဘန်း-ဘန်းစူး ပြေးဆွဲတဲ့ ကုန်တင်ရထားနံပါတ် ၂၁၂၆ ရဲ့ စက်ခေါင်းမောင်း အသက် ၅၆ နှစ်အရွယ် Lapit Thongboon တို့ ဖြစ်ကြပါတယ်။

 စုံစမ်းစစ်ဆေးချက်နှင့် နောက်ဆုံးရအခြေအနေ

၁။ မတော်တဆမှုဖြစ်ရသည့်အကြောင်းရင်း: ဘန်ကောက်မြို့တော်ဝန် အပ္ပိချတ် (Chadchart Sittipunt) ၏ ရှင်းပြချက်အရ မီးပွိုင့်မိနေတဲ့အတွက် ဘတ်စ်ကားဟာ ရထားသံလမ်းပေါ်မှာ ပိတ်မိပြီး ရပ်နေခဲ့တာ ဖြစ်ပါတယ်။ ကားတွေ သံလမ်းပေါ်မှာ ပိတ်ဆို့နေတာကြောင့် ရထားလမ်းကူး ဂိတ်တံတားအကာအရံ (Barrier arms) တွေကို အောက်ချလို့မရဘဲ ဖြစ်ခဲ့ရပါတယ်။

ထိုင်းနိုင်ငံဥပဒေအရမည်သည့်ယာဉ်မဆို ရထားသံလမ်းပေါ်နှင့် သံလမ်းဘေး ၅ မီတာပတ်လည်အတွင်း ရပ်နားခြင်း လုံးဝ မပြုရဟု တားမြစ်ထားပါတယ်။ 

၂။ ထိခိုက်သေဆုံးသူအရေအတွက်: သေဆုံးသူ ၈ ဦးရှိခဲ့ပြီး၊ ဒဏ်ရာရရှိသူ အရေအတွက်မှာ ကနဦးသတင်းများထက် ပိုမိုတိုးလာကာ လက်ရှိတွင် ၃၂ ဦးအထိ ရှိသွားပြီ ဖြစ်ပါတယ်။ ၃။ မေးခွန်းထုတ်စရာဖြစ်ရပ်: ဝန်ကြီးချုပ် အနုတင် (Anutin Charnvirakul) က အခင်းဖြစ်ပွားရာနေရာသို့ ညတွင်းချင်း လာရောက်စစ်ဆေးခဲ့ပြီး “ဒီလမ်းပိုင်းဟာ အမြဲတမ်း ယာဉ်ကြောပိတ်ဆို့တတ်တဲ့နေရာဖြစ်ပြီး၊ သံလမ်းပေါ်မှာ ကားတွေပိတ်နေတာကို ရထားဒရိုင်ဘာသိအောင် ရထားလိုင်းဝန်ထမ်းတွေက ဘာလို့ ကြိုတင်သတိမပေးခဲ့ကြတာလဲ” ဆိုတာကို ပြတ်ပြတ်သားသား မေးခွန်းထုတ် စစ်ဆေးခိုင်းထားပါတယ်။

မနေ့ညနှောင်းပိုင်းမှာပဲ မတော်တဆမှုဖြစ်ပွားခဲ့တဲ့ ဘတ်စ်ကားနဲ့ ရထားပျက်စီးမှုတွေကို လမ်းပေါ်ကနေ အမြန်ဆုံး ဖယ်ရှားရှင်းလင်းနိုင်ခဲ့ပြီး၊ အဆုခ်-ဒင်ဒန်း လမ်းပိုင်းနဲ့ ရထားလမ်းကို ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်ပေးလိုက်ပြီ ဖြစ်ပါတယ်။ ယနေ့မနက်ပိုင်းတွင် သေဆုံးသွားသူများအတွက် ရည်စူးပြီး ဒေသခံပြည်သူများက အခင်းဖြစ်ပွားရာ ရထားလမ်းကူးတွင် ဝမ်းနည်းခြင်းအထိမ်းအမှတ် ပန်းစည်းများ လာရောက်ချထားကြပါတယ်ဗျာ။

Source;Bangkok Post