မဲခေါင်ဒေသတွင်း နှစ်စဉ် ကြုံတွေ့နေရသည့် ရာသီအလိုက် မီးခိုးမြူကြပ်ခြင်း၊ တောမီးလောင်ကျွမ်းခြင်းနှင့် လေထုညစ်ညမ်းမှု ပြဿနာများကို ပူးပေါင်းဖြေရှင်းရန်အတွက် လာအို၊ မြန်မာနှင့် ထိုင်း ၃ နိုင်ငံတို့က CLEAR Sky Strategy (၂၀၂၄-၂၀၃၀) လုပ်ငန်းစဉ် စီမံကိန်းကြီးကို ပူးတွဲ စတင်လိုက်ပြီဖြစ်ကြောင်း သိရပါတယ်။
🌿 CLEAR Sky Strategy ၏ အဓိက ဦးစားပေး ရည်မှန်းချက် ၅ ချက်
-Continued Commitment: ရာသီအလိုက် တောမီးနှင့် လေထုညစ်ညမ်းမှု လျှော့ချရေး ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက် ခိုင်မာစေခြင်း။
-Leveraging Mechanisms: ဒေသတွင်း သဘောတူညီချက်များနှင့် နည်းလမ်းများကို ထိရောက်စွာ အသုံးပြုခြင်း။
-Experience Sharing: စိုက်ပျိုးရေးနှင့် တောမီး ကာကွယ်ရေးဆိုင်ရာ အတွေ့အကြုံနှင့် နည်းပညာများကို မျှဝေခြင်း။
-Air Quality Network: လေထုအရည်အသွေး ကွန်ရက် တည်ထောင်၍ သတင်းအချက်အလက် ချိတ်ဆက်ခြင်း။
-Response: အရေးပေါ် မီးခိုးမြူ အခြေအနေများတွင် လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက်ခြင်း။
ပူးပေါင်းဆောင်ရွက်မည့် လုပ်ငန်းစဉ် အသေးစိတ်
-တောမီးနှင့် လေထုအခြေအနေ စောင့်ကြည့်ခြင်း: မီးလောင်ကျွမ်းနိုင်သည့် မြေပုံ (Fire-risk map) ကို အတူတကွ ရေးဆွဲမည်ဖြစ်ပြီး PM2.5 နှင့် လေထုအရည်အသွေးဆိုင်ရာ အချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ (Real-time) စောင့်ကြည့်နိုင်မည့် စနစ်တစ်ခု တည်ထောင်သွားမည်။
-စိုက်ပျိုးရေးနှင့် ဥပဒေစိုးမိုးရေး: စိုက်ပျိုးရေးအတွက် မီးရှို့ခြင်းများကို လျှော့ချရန် စေတနာ့ဝန်ထမ်း ပညာပေးခြင်း၊ ရေရှည်တည်တံ့သော စိုက်ပျိုးရေးနည်းစနစ်များ ကူးပြောင်းခြင်းတို့အပြင်၊ သဘာဝပတ်ဝန်းကျင်နှင့် လုံခြုံရေးဆိုင်ရာ အေဂျင်စီများအကြား ဥပဒေစိုးမိုးရေးကို တင်းကျပ် ဆောင်ရွက်မည်။
-အရေးပေါ် ဆက်သွယ်ရေးနှင့် အလုပ်အမှုဆောင်အဖွဲ့: အရေးပေါ် အခြေအနေများတွင် ချက်ချင်း ဆက်သွယ်နိုင်ရန် တာဝန်ရှိသူများအကြား ဟော့လိုင်း (Hotline) ဖုန်းလိုင်း တည်ထောင်မည်ဖြစ်သည်။ ထို့ပြင် ၃ နိုင်ငံမှ အဓိက တာဝန်ရှိသူများ ပါဝင်သော Joint Task Force အဖွဲ့ကို ဖွဲ့စည်းကာ တစ်နှစ်လျှင် အနည်းဆုံး တစ်ကြိမ် အစည်းအဝေးထိုင်၍ လုပ်ငန်းစဉ်များကို အနီးကပ် စိစစ်သွားမည်ဖြစ်သည်။
Source;ThaiPBS
