America’s Got Talent ပြိုင်ပွဲတွင် ဗိုလ်စွဲခဲ့သည့် အသက် ၁၆ နှစ်အရွယ် ထိုင်းအဆိုတော်မလေး နီနီ ရိုယယ်လ် (Nene Royal) သည် လာမည့်အပတ်တွင် ကျင်းပမည့် IMF-World Bank ဘဏ္ဍာရေးခေါင်းဆောင်များ၏ ဧည့်ခံပွဲတွင် သီဆိုဖျော်ဖြေမည်ဖြစ်ကြောင်း အစိုးရက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
အောက်တိုဘာ ၁၄ ရက် ညနေပိုင်းတွင် အစိုးရအဖွဲ့ရုံး၌ ကျင်းပမည့် နိုင်ငံတကာ ဘဏ္ဍာရေးခေါင်းဆောင်များ ဧည့်ခံပွဲတွင် ဝန်ကြီးချုပ် အနုတင် ချန်ဗီရာကူးလ်နှင့်အတူ နီနီက သီချင်း ၂ ပုဒ်မှ ၃ ပုဒ်အထိ သီဆိုကာ ထိုင်းနိုင်ငံ၏ Soft Power ကို ပြသသွားမည်ဖြစ်သည်။ နီနီသည် စင်ကာပူ၌ Avenged Sevenfold ပွဲအကြို သွားရောက်ဖျော်ဖြေပြီးနောက် ထိုင်းသို့ တိုက်ရိုက် ပြန်လာမည်ဖြစ်သည်။
Disney ၏ ရုပ်ရှင်သစ် “Hexed” အန်နီမေးရှင်းတွင် ခေါင်းဆောင်မင်းသမီး “Billy” (အသက် ၁၆ နှစ်) ၏ ထိုင်းဘာသာစကား အသံသရုပ်ဆောင်အဖြစ် နီနီကို ရွေးချယ်လိုက်ပြီဖြစ်သည်။ အဆိုပါ ရုပ်ရှင်ကို လာမည့် နိုဝင်ဘာ ၂၆ ရက် တွင် ရုံတင်ပြသမည်ဖြစ်သည်။
နီနီကို အောက်တိုဘာ ၃၀ ရက်နေ့တွင် ကျင်းပမည့် gamescom asia x Thailand Game Show 2026 ဖွင့်ပွဲတွင်လည်း တွေ့မြင်ရမည်ဖြစ်သည်။
Source;ThaiPBS
