ဒီဖြစ်စဉ်ဟာ ဘန်ခန် (Bang Khen) နယ်မြေအတွင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး သေဆုံးသူမှာ မည်သူမည်ဝါဖြစ်ကြောင်း အတည်မပြုနိုင်သေးပါဘူး။
အသက် ၂၅ နှစ်ကနေ ၃၀ ဝန်းကျင်ခန့်ရှိတဲ့ ထိုင်းအမျိုးသမီးတစ်ဦးဖြစ်ပြီး၊ မီးခိုးရောင် လက်တိုတီရှပ်နဲ့ အညိုရောင် ဘောင်းဘီနံသာကို ဝတ်ဆင်ထားပါတယ်။ သူမရဲ့ ဦးခေါင်းနဲ့ လက်မောင်းတို့မှာ ပြင်းထန်တဲ့ ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။ သူမရဲ့ ကိုယ်ပေါ်မှာ မှတ်ပုံတင် ဒါမှမဟုတ် အထောက်အထား တစ်စုံတစ်ရာ မတွေ့ရဘဲ၊ “စစ်ဘက်လူဝင်မှုကြီးကြပ်ရေး အိမ်ရာ (Military Immigration Residence)” လို့ ရေးထားတဲ့ သော့ချိတ်တစ်ခုနဲ့ မျက်မှန်တစ်စုံကိုသာ တွေ့ရှိခဲ့ပါတယ်။

အသက် ၂၉ နှစ်အရွယ် ကားမောင်းသူ Thanakorn က သူကားမောင်းလာစဉ်မှာပဲ အမျိုးသမီးဟာ BTS ဘူတာပေါ်ကနေ လမ်းပေါ်ကို ပြုတ်ကျလာတာကို တွေ့ခဲ့ရကြောင်း၊ ကံကောင်းထောက်မစွာနဲ့ သူက ဘရိတ်အုပ်နိုင်ခဲ့လို့ ကားနဲ့ မတိုက်မိခဲ့ကြောင်း ထွက်ဆိုထားပါတယ်။အခင်းဖြစ်ပွားပုံကို မျက်မြင်သက်သေရဲ့ ကားရှေ့ကင်မရာ (Dashcam) မှာ မှတ်တမ်းတင်ထားနိုင်ခဲ့ပြီး ရဲတပ်ဖွဲ့က သက်သေအဖြစ် သိမ်းဆည်းထားပါတယ်။
လက်ရှိမှာ ဘန်ခန်ရဲစခန်းက စုံစမ်းစစ်ဆေးရေးမှူးတွေဟာ သေဆုံးရတဲ့ အကြောင်းရင်းအမှန် (မတော်တဆလား သို့မဟုတ် မိမိကိုယ်ကိုယ် သေကြောင်းကြံစည်တာလား ဆိုတာ) ကို သိနိုင်ဖို့နဲ့ သေဆုံးသူရဲ့ မိသားစုဝင်တွေကို ဆက်သွယ်နိုင်ဖို့ ကြိုးစားနေပါတယ်။

Source;Thairath English
