ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘူမိ အပြည်ပြည်ဆိုင်ရာ လေဆိပ် (Suvarnabhumi International Airport) တွင် သောက်ရေသန့် နှုတ်ခမ်းနီ နှင့် ပတ်သက်၍ အငြင်းပွားဖွယ်ရာ ဖြစ်ပွားခဲ့ပြီးနောက် ထိုင်းအလှအပရေးရာ ဘလော့ဂါတစ်ဦးက ထိုင်းလေဆိပ်များ အာဏာပိုင်အဖွဲ့ (AOT) မှ အမျိုးသမီး ဝန်ထမ်းတစ်ဦးသည် ၎င်းအား ရန်ရှာ ကိုယ်ထိလက်ရောက် တိုက်ခိုက်ရန် ကြိုးပမ်းခဲ့သည်ဟု စွပ်စွဲတိုင်ကြားလိုက်ပါတယ်။
Jovina အလှကုန် တံဆိပ်ပိုင်ရှင်လည်းဖြစ်သူ နာမည်ကြီး ဘလော့ဂါ Kotchawan Sajja (Gamgy) သည် အမျိုးသားဖြစ်သူ၊ ကလေး ၂ ဦးတို့နှင့်အတူ လေယာဉ်ထွက်ခွာမည့် ဂိတ်သို့ အဝင်တွင် ပြင်ပမှ ယူဆောင်လာသော သောက်ရေသန့် ပုလင်း ၂ ပုလင်းအား AOT အမျိုးသမီး ဝန်ထမ်းက စစ်ဆေးရေးဂိတ် ကျော်လွန်၍ ယူဆောင်ခွင့် မပြုဟု တားမြစ်ခဲ့ရာမှ ပြဿနာ စတင်ခဲ့ခြင်းဖြစ်သည်။
ကလေးများ သောက်ရန် ဖြစ်သဖြင့် ကင်းလွတ်ခွင့် တောင်းဆိုခဲ့သော်လည်း ဝန်ထမ်းက အမှိုက်ပုံးအတွင်း စွန့်ပစ်ရန် ပြောကြားခဲ့သည်။ အခြား ဝန်ထမ်းတစ်ဦးက ဝင်ရောက်ညှိနှိုင်းပေးသဖြင့် ရေသန့်တစ်ပုလင်းကို ယူဆောင်ခွင့် ရရှိခဲ့ပြီး ကျန်တစ်ပုလင်းအား မစွန့်ပစ်မီ သောက်သုံးရန် ပြောဆိုစဉ် အဆိုပါ အမျိုးသမီး ဝန်ထမ်းက အမှိုက်ပုံးအတွင်းသို့ တွန်းပို့ခဲ့သည်။
အဆိုပါ လုပ်ရပ်အပေါ် မကျေနပ်သဖြင့် အမှိုက်ပုံးအတွင်းမှ ပြန်လည် ဆွဲထုတ်စဉ် “ဒါ အမှိုက်ပုံးဆိုတာ သိရဲ့လား” ဟု ပြန်လည် တုံ့ပြန်ခဲ့ရာ ဘလော့ဂါဖြစ်သူက အမျိုးသားဖြစ်သူထံ လှည့်၍ “သူ အိမ်ထောင်ရေး/မိသားစု ပြဿနာ ရှိနေတာ ဖြစ်မယ်” ဟု ရေရွတ်ခဲ့ရာမှ အမျိုးသမီး ဝန်ထမ်းက ဒေါသထွက်ကာ ရန်ရှာရန် ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
အဆိုပါ ဖြစ်စဉ် ဗီဒီယိုဖိုင်ကို ဘလော့ဂါ Gamgy က လူမှုကွန်ရက်ပေါ်တွင် တင်ဆက်ထားပြီး ဖြစ်စဉ် အသေးစိတ်ကို ပြန်လည် ရှင်းလင်းပြောကြားထားပါတယ်။
Source;Thaiger
