ဘန်ကောက်တွင် တရားမဝင် မြန်မာလုပ်သား ၅ ဦးအား သယ်ဆောင်လာသည့် ကားကို ရဲတပ်ဖွဲ့ ဖမ်းဆီး

ဘန်ကောက်၊ ဇူလိုင် ၂၇ (၂၀၂၆) – ဘန်ကောက်မြို့၊ နောင်ခဲမ်မြို့နယ် (Nong Khaem) ၌ ယာဉ်ထိန်းရဲတပ်ဖွဲ့က စစ်ဆေးရေးစခန်း ဖွင့်လှစ်၍ အရက်သေစာနှင့် စည်းကမ်းစစ်ဆေးစဉ် တရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သားများကို ကားနောက်ခန်းနှင့် ထိုင်ခုံအကွယ်တို့တွင် ကြပ်ညှပ် ပုန်းအောင်းတင်ဆောင်လာသည့် နိဆန်း (Nissan) အမျိုးအစား အမည်းရောင် ကားတစ်စီးကို တားဆီးဖမ်းဆီးနိုင်ခဲ့ပါတယ်ဗျာ။

ကားပေါ်တွင် ထိုင်းစကား ပြောတတ်သည့် မြန်မာနိုင်ငံသား ယာဉ်မောင်း အာကာဆန်း (၂၅ နှစ်) နှင့် ကျော်သက် (၃၃ နှစ်) တို့ နှစ်ဦးအပါအဝင် အထောက်အထားမဲ့ မြန်မာလုပ်သား အမျိုးသား ၄ ဦးနှင့် အမျိုးသမီး ၁ ဦး (စုစုပေါင်း ၇ ဦး) ကို တွေ့ရှိခဲ့ရသည်။

ကာဥ္စနပူရီ နယ်စပ်မှတစ်ဆင့် ဝင်ရောက်လာသည့် အထောက်အထားမဲ့ မြန်မာလုပ်သား ၅ ဦးကို နခွန်ပထုန်ပြည်နယ်မှတစ်ဆင့် စမုတ်ပရာကန် (Samut Prakan) သို့ ပို့ဆောင်ပေးရန် တစ်ဦးလျှင် ၉၀၀ ဘတ် ဖြင့် ပွဲစားက ခိုင်းစေခဲ့ခြင်းဖြစ်ကြောင်း ယာဉ်မောင်းတို့က ဝန်ခံခဲ့သည်။

ယာဉ်ပေါ်မှ တရားမဝင် ဝင်ရောက်သူများ၏ စာရင်းမှတ်တမ်း စာအုပ် ၂ အုပ်နှင့် ကားကို သက်သေအဖြစ် သိမ်းဆည်းခဲ့သည်။

ယာဉ်မောင်း ၂ ဦးအား “တရားမဝင် ဝင်ရောက်လာသူများအား ကူညီသယ်ယူပေးမှု” ဖြင့်လည်းကောင်း၊ ကျန် မြန်မာ ၅ ဦးအား “တရားမဝင် ဝင်ရောက်နေထိုင်မှု” ဖြင့်လည်းကောင်း နောင်ခမ်းဖလူ ရဲစခန်းတွင် တရားစွဲဆိုထားပြီး နောက်ကွယ်မှ ပွဲစားကိုပါ ဆက်လက် စုံစမ်းနေသည်။

Source;ข่าวเด่นภูมิภาคทั่วไทย กาญจนบุรี